Tuesday, October 11, 2011

ဟာနန်ဒက်ဇ်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူဖို့ ကြိုးပမ်းလာသည့် ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်ဟာမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး၈ျာဗီးယားဟာနန်ဒက်ဇ်ကိုပေါင်သန်း
၃၀ ဖြင့်ခေါ်ယူဖို့ ရုတ်တရက် ပြင်ဆင်လာသည်။ စပိန်ဘီလူးဟာ ယူနိုက်တက် တိုက်စစ်မှူးကို
အသင်းရဲ့ ထိပ်တန်း ပစ်မှတ်အဖြစ် ချိန်ရွယ်လာခြင်း ဖြစ်သည်။

သို့သော်ဆာအဲလက်စ်ဖာ
ဂူဆန်ကတော့ဟာနန်
ဒက်ဇ်ကိုဆက်လက်ထိန်း
သိမ်းထားဖို့ရည်ရွယ်ထား
ပုံရပြီးလက်ရှိဟာနန်ဒက်ဇ်
၏တစ်ပါတ်လုပ်ခပေါင်
၂၅၀၀၀ကိုသုံးဆတိုးပေးပြီး
၅နှစ်သက်တမ်းရှိစာချုပ်
သစ်တစ်ရပ်လက်မှတ်ရေး
ထိုးဖို့ကြိုးစားလျက်ရှိသည်။လွန်ခဲ့သည့်၁၈လခန့်ကချီးဗက်ဇ်အသင်းမှပေါင်၆သန်းဖြင့်ခေါ်ယူ
ခဲ့သည့်ဟာနန်ဒက်ဇ်အားရီးရဲ့မက်ဒရစ်အသင်းမှ ၅ဆတိုးပေးပြီးဟာနန်ဒက်ဇ်ကိုအရခေါ်ဖို့
ကြံစည်လာခြင်းဖြစ်သည်။ရီးရဲနည်းပြမော်ရင်ဟိုအနေနှင့် ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ လာမည့်
နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာမှ အဆင်ပြေနိုင်မည်ဟု ခန့်မှန်းရသော်လည်း ဇန်နဝါ
ရီ ဈေးကွက်မှာပင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမည် ဖြစ်သည်။

ဖာဂူဆန်အနေနှင့်ကတော့ ဟာနန်ဒက်ဇ်ဟာ ရီးရဲမက်ဒရစ်မှာကစားဖို့ ဆန္ဒပြင်းပြနေခဲ့သည့်
ရော်နယ်ဒိုလို မဟုတ်ပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ရသည်။

ဟာနန်ဒက်ဇ်ဟာ မနှစ်က သူ့ရဲ့ ပထမဆုံး ရာသီမှာပင် ဂိုးပေါင်း ၂၀ သွင်းယူပေးပြီး အံ့အား
သင့်ဖွယ် ခြေစွမ်းပြသခဲ့သည်။ ဒုတိယ ရာသီဝက်အတွင်းမှာ ဝိန်းရူနီနှင့် အကောင်းဆုံး တွဲဖက်
ကစားခဲ့ပြီး ၁၉ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်ဖို့ အဓိက အခန်းကဏ္ဍ
မှာ ပါဝင်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ