Wednesday, October 26, 2011

အစိုးရတပ် ရိက္ခာ အသိမ်းခံရ

ကော့ကရိတ်မြို့နယ်ရှိ ဆုံဆည်းမြိုင်နှင့် အူးကလေ့ထာ့ရွာအကြား၌ အစိုးရတပ်မှ ထော်လာဂျီ
ကား ၂စီးဖြင့် သယ်ဆောင်လာ သော တပ်ရိက္ခာကို လက်နက်ကိုင် မဟာမိတ်တပ်များက ပြီးခဲ့
သည့်အပါတ်တွင် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော်-DKBA၊ရခိုင်လွတ်မြောက်ရေးပါတီ
-ALPနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
များ ဒီမိုကရက်တစ်တပ်ဦး-ABSDFတို့ ပါဝင်
သည့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က အစိုးရ
တပ်ဘက်မှ သယ်လာ သော ဆန်၊ပဲနှင့်အမဲဗူး
တို့ကိုသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။DKBA မှဗိုလ်
မှူးစောဆန်းအောင်က “ကျနော်တို့သိမ်းဆည်း
ရတဲ့အချိန်မှာအစိုးရတပ်ကစစ်သားတွေ တစ်
ယောက်မှ မတွေ့ ဘူး။ ကျနော်တို့အဖွဲ့တွေ
လာတာသိလို့ ထွက်ပြေးတာ ဖြစ်မယ်။

ကားထဲမှာ ပစ္စည်းအပြည့်ပဲ။”ဟု ပြောသည်။အစိုးရတပ်မှ၎င်းတို့တပ်ရိက္ခာသယ်ဆောင်လာသည့်
ထော်လဂျီကားမှာ ထိုဒေသရှိ ရွာသူရွာသားများ ကားဖြစ်သည်ဟု သိရ သည်။

ရိက္ခာ သိမ်းဆည်းခံရသည့် အစိုးရတပ်မှာ တပ်မ(၂၂) လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သည်ဟု မ
ဟာမိတ် ပူးပေါင်းတပ်များက ပြောသည်။

တဆက်တည်းမှာပင် ကော့ကရိတ်မြို့နယ်အတွင်း တာအုထာ့ရွာဘက်မှာလည်း DKBA နှင့် အစိုး
ရတပ်တို့အကြား အဆိုပါနေ့တွင် ပစ် ခတ်မှု ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု
ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ