ဆောင်များအား ငြိမ်းချမ်းရေးစကားပြောဆိုခြင်း နှင့် ပါတ်သက်၍ ကေအန်ယူခေါင်းဆောင်
ပိုင်းအကြား ပြောဆိုဆွေးနွေးနေကြ သည်။

တော်ကိုယ်စားလှယ်တဦးဖြစ်သူစောဟါဘီသည်
ကေအန်ယူ၏ထားဝယ်ခရိုင်တနင်္သာရီမြို့နယ်၊ပ၀ါ
ထဒေသမှဒေသခံခေါင်းဆောင်များနှင့်ဘာသာရေး
ခေါင်း ဆောင်များအား ခေါ်ယူပြီး ကရင်လက်နက်
ကိုင်တပ်များမှ အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်လိုပါက
ဆက်သွယ်နိုင်ကြောင်းနှင့်အစိုးရမှကရင်လက်နက်
ကိုင်တပ်များအားအပစ်အခတ်ရပ်စဲရေးအတွက် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။
။စောဟါဘီသည်ဒေသခံခေါင်းဆောင်များအား အခြားလူမျိဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအကြောင်း
ကိုလည်းဆွေးနွေးခဲ့ပြီး ဒေသခံများအား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်၊ လမ်း
ဆောက်၊ တံတားဆောင်ခြင်း နှင့် ဘုန်းကြီးကျောင်းများဆောက်လုပ်ခြင်းတွင် ပါဝင်ရန်လည်း
စောဟါဘီမှဒေသခံများအားပြောခဲ့သည်။
ထိုအစည်းအဝေးတွင် ရွာပေါင်း (၁၂) ရွာမှ ဒေသခံခေါင်းဆောင်များနှင့် ဘာသာရေးခေါင်း
ဆောင်ပေါင်း (၁၅၀) ဦးတက်ရောက် နားထောင်ခဲ့သည်။
ကေအန်ယူ တနင်္သာရီမြို့နယ် တာဝန်ရှိသူ ပဒိုဘီလယ်က စောဟါဘီသည် အခြားနေရာများ
သို့လည်း သွားရောက်ပြီး ဒေသခံများအား အစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုဆို
ကြောင်း ဟောပြောခဲ့သည်။
ပဒိုဘီလယ်မှ “ အစိုးရတွေက တကယ်တော့ လက်နက်ကိုင်တွေကိုပြန်ပြီးလက်နက်ချခိုင်း
တာ။ အခုကလူထုကိုအသုံးပြုပြီးလက်နက်ကိုင်တွေလက်နက်ချခိုင်းနေတာပဲ” ဟုပြောသည်။
ယခုအစိုးရမှလိုက်လုပ်ဆောင်နေသောကိစ္စများသည်အဖွဲ့အစည်းအတွင်းသဘောထားကွဲလွဲ
စေရန်၊ယခင်ကေအန်ယူတပ်မဟာ(၆)မှူး စောဌေးမောင်တို့အားခွဲခဲ့သလိုလုပ်ဆောင်နေခြင်း
သာဖြစ်သည်ဟု ကေအန်ယူ ခေါင်းဆောင်များက ပြောသည်။
စောဟါဘီသည် ငြိမ်းချမ်းရေးနှင့်ပါတ်သက်၍ ဟောပြောနေ စဉ် တွင် လက်နက်အကြောင်း
အားမပြောသော်လည်းငြိမ်းချမ်းရေးရလိုပါက လက်နက်နှင့်အတူ အစိုးရထံပြန် လည်ပူးပေါင်း
ရမည်ဟု ပြောသည်။
ကေအန်ယူ၏ သဘောထားမှာ အစိုးရအနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားပါက
ကေအန်ယူဗဟို ဌာနမှတဆင့် ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။ နိုင်ငံရေးအဖြေရှာပြီးတွေ့
ဆုံဆွေးနွေးခြင်းပြုလုပ်ချင်ပါက တိုင်းရင်းသားဖက်ဒရယ်ကောင်စီမှတဆင့် ပြောဆိုရန်လည်း
သဘောထား ခိုင်မာစွာချထားသည်။
အစိုးရမှ သြဂုတ်လတွင် တိုင်းရင်းသားလက်နက်ကိုင်သည့်အဖွဲ့များနှင့် ညှိုနှိုင်းရန် ငြိမ်းချမ်း
ရေးကော်မတီကို ဖွဲ့ထားထားခဲ့သည်။
No comments:
Post a Comment