Sunday, October 2, 2011

အမေရိကန်အစိုးရက ဒီနှစ် ဒုက္ခသည် တစ်သောင်း လက်ခံမယ်

အမေရိကန်အစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်တစ်သောင်းခန့်ကို တတိယနိုင်ငံမှာ အခြေချ
နေထိုင်ခွင့် အစီ အစဉ်အနေနဲ့ ဒီနှစ်အတွင်းခေါ်ယူမယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ
က ယနေ့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် အမေရိကန်သံ
အမတ် ခရစ္စတီးကန်နီ(Kristie Kenney)ကထိုင်း-
မြန်မာနယ်စပ်ရတ်ချဘူရီခရိုင်စွန်ဖုမြို့နယ်မှာရှိတဲ့
ထမ်းဟင်စခန်းအခြေအနေကို နေ့ကသွားရောက်
ကြည့်ရှုအပြီး ဒီလိုမျိုးပြောဆိုလာတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်းများထဲကလူမှုဘ၀အခြေအနေမှန်
ကို နားလည် စခန်းက လူများ ဒီလိုအမြဲနေထိုင်ဖို့
မဖြစ်တဲ့ ကြောင်းThe Nation သတင်းက သံအ
မတ်ကြီးကို ကိုးကားဖော် ပြထားပေမယ့် စခန်း
ကော်မတီက တရားဝင် ဘာမှ မကြားရသေးဘူး
လို့ ပြောပါတယ်။

“၂၂ရက်နေ့က သံအမတ်ကြီးလာတာ စခန်းကျန်းမာရေးကို ကူညီတဲ့ အေအာစီ လုပ်ငန်းတွေကိုပဲ
လာကြည့် သွား တယ်။ စခန်းရုံးတောမလာဘူး ခဏလေးလာပြီးတော့ ပြန်သွားတာပဲ ဘာမှလည်း
ပြောမသွားပါဘူး။ သတင်းကြားတဲ့သူတွေက ကျမတို့ကို ဆက်သွယ်မေးလာတော့ ကျမတို့လည်း
စဝေစဝါဖြစ်နေတယ်”
ထမ်းဟင်စခန်းမှ အမေရိကန်နိုင်ငံကိုအခြေချနေထိုင်ခွင့်အစီအစဉ်နဲ့ ရောက်ရှိသွားသူဦးရေ၆ထောင်
လောက် ရှိပြီး လက်ရှိ စခန်းမှာ နေထိုင်သူ ၈ထောင် ၀န်းကျင် ကျန်ရှိနေသေးတယ်လို့သိရပါတယ်။

တတိယနိုင်ငံကို မသွားပဲ ဒုက္ခသည် စခန်းတွေမှာ ကျန်ရှိနေသူတွေကို ဆက်လက် ကူညီပေးသွား
မယ်လို့လည်း အမေရကန် သံအမတ်ကြီးက The Nation ကို ပြောပြပါတယ်။ အမေရိကန်နိုင်ငံက
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းတွေကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၂ သန်း ကူညီ
လျှက်ရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ