Sunday, October 2, 2011

နယ်စည်းမခြား ဆရာဝန်များအသင်း ထိုင်းနိုင်ငံက လုပ်ငန်းရပ်စဲ

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF)
က ထိုင်းနိုင်ငံမှာရှိတံ ၎င်းတို့လုပ်ငန်းတွေကို ဒီလကုန် ပိုင်းမှာ ရပ်ဆိုင်းတော့မယ်လို့ မိတ်ဆွေအဖွဲ့
အစည်း များထံမှ ပေးပို့တဲ့ စာက ဖော်ပြထားပါ တယ်။

ဘဏ္ဍာရေး နဲ့ ၀န်ထမ်းပိုင်းဆိုင်ရာ အခက်
အခဲရှိခြင်း၊ ဆီးရီးယား၊ လစ်ဗျား နဲ့အာဖရိ
ကနိုင်ငံတွေမှာရှိတဲ့ အငတ်ဘေး ကြုံတွေ့
နေရတဲ့ နိုင်ငံတွေကို အရေးပေါ်ကူညီဖို့
ထိုင်းနိုင်ငံမှ လုပ်ငန်းတွေကိုရပ်စဲမယ်လို့
ဆိုပါတယ်။

ဘယ်လဂျီယံနိုင်ငံ အခြေစိုက် MSF က
၁၉၇၆ မှာ ထိုင်းနိုင်ငံကို စတင် ၀င်ရောက်
ခဲ့ပြီး ဒုက္ခသည် စခန်း တွေရဲ့ ကျန်မာရေး
လုပ်ငန်းတွေကို ကူညီထောင့်ပံ့ ခဲ့ပေမယ့်
၁၉၉၄ခုနှစ်က AMI နဲ့စားထိုးသွားတယ်လို့ မယ်လစခန်းမှMSFဝန်ထမ်းဟောင်း စောတာကဝယ်ထူး
ကပြောပါတယ်။

“စခန်းကူညီဖို့ ဖရောဂျက် နှစ်ကုန်သွားတယ်လေ နှစ်ကုန်သွားတော့ AMI က အစားထိုးဝင်သွားပြီး
အခုထိ ကူညီသွားတယ်။ အခုတော့ စခန်းမှာ MSF ထောင့်ပံ့မှုတွေ မရှိတော့ပါဘူး။ MSF ကစခန်းနဲ့
ပတ်သက်တဲ့ လုပ်ငန်းတွေ ဝင်ရောက်ပတ်သက်တာမရှိတော့ဘူး”

MSFက စခန်းလုပ်ငန်းတွေကို ရပ်လိုက်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျောက် မြန်မာ ရွှေ့ပြောင်း အ
လုပ်သမားတွေရဲ့ ကျန်းမာရေးထောင့်ပံ့တဲ့လုပ်ငန်းဖြစ်တဲ့ ငှက်ဖျား၊ တီဘီ၊ ခုခံကျ ဝေဒနာရှင်တို့ကို
အခမဲ့ ကုသပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ MSF လုပ်ငန်းတွေ ရပ်စဲပါက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအတွက် ဆေးဝါးကုသ
မှု အခက်အခဲတွေ ရင်ဆိုင်ရမှာဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဘက် အဖွဲ့တွေ အပါအ၀င် ရွှေ့ပြောင်း
မြန်မာအလုပ်သမားတွေက ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ