ရီးရဲလ်မက်ဒရစ် သူရဲကောင်း ရော်ဘတ်တိုကားလို့စ်သည် ရုရှားကလပ်အန်ဇီအသင်း၏ ကစား
သမားနှင့် နည်းပြတာဝန်ကို ပူးတွဲထမ်းဆောင်သွားရန် တာဝန်ပေးအပ်ခြင်း ခံရကြောင်း
သိရသည်။
ဆိုးရွားနေသော ရလဒ်များကြောင့် အန်ဇီအသင်းသည် နည်းပြဖြစ်သူ ဂတ်ဇီကို ထုတ်ပယ်ပြီး
ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်ကို နည်းပြတာဝန်ပါ ပူးတွဲထမ်းဆောင်စေခဲ့ခြင်း
ဖြစ်သည်။
အန်ဇီသည် နာမည်ကျော် ကစားသမားများအား မြင့်မားသော ပြောင်းရွေ့ကြေး၊ မြင့်မားသော
လစာများဖြင့် ခေါ်ယူလျက်ရှိနေသော်လည်း၊ ရလဒ်ဆိုးများဖြင့် ရင်ဆိုင်နေရသည်။
ကားလို့စ်သည် အသင်း၏ ဘယ်နောက်ခံလူနေရာကို ၀င်ရောက်ကစားနေအုံးမည်ဖြစ်သလို၊
ခေတ္တနည်းပြ တာဝန်ကိုလည်း ပူးတွဲရယူသွားမည် ဖြစ်သည်။ရောဘတ်တို ကားလို့စ်သည်
ဘရားဇီးလ် ဂန္တ၀င်ဘောလုံးသမားတဦးဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment