
ပွဲစဉ်တွင် ပွဲထွက်လူစာရင်း
၌ ပြန်လည်ပါဝင်လာခဲ့သ
လမ်းပတ်က "မြူးနစ်မှာ
တိဗက်ဇ် ဘာတွေ ဖြစ်ပျက်
ခဲ့တယ်ဆိုတာ လူတွေ သိခဲ့
ကြပါတယ်... ကျွန်တော်က
တော့ သူ့ရဲ့ပုံတူ လုံးဝကူး
ချမှာ မဟုတ်ပါဘူး..
ဘယ်တော့မှလဲ အဲဒီလို လုပ်မှာ မဟုတ်ပါဘူး..
သူ့ကိုလဲ ကျွန်တော် အပြစ်မတင်ရက်ပါဘူး.. ဘာလို့လဲဆိုတော့ အသင်းအတွက် ပါဝင်ကစားခွင့် မရတဲ့ ကစားသမားတစ်ယောက်ရဲ့ ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်ပဲ နားလည်နေခဲ့လို့ပါ.. အချို့လူတွေဟာ ဖိအားတွေအောက် ရောက်နေချိန်မှာ ဆုံးဖြတ်ချက် အမှားတွေ ပြုလုပ်တတ်ကြပါတယ်.. နောက်ပိုင်းမှသာ နောင်တ ရကြတာပါ.. ကျွန်တော်ကတော့ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖို့ပဲ ကြိုးစားခဲ့ပါတယ်.. ဒါဟာ အရန်ခုံမှာ ထိုင်နေရလို့ ပျော်ရွှင်နေတယ်လို့ မဆိုလိုပါဘူး.. အရန်ခုံပေါ်ထိုင်ပြီး လစာ ထိုင်ယူတာမျိုးလဲ အလိုမရှိပါဘူး" ဟုပြောကြားသွားခဲ့သည်။
တိဗက်ကဲ့သို့ ပြသနာဖြစ်ဖူးခဲ့ပါတယ် (ပေါလ်စခိုးလ်)
အသင်းမှ အနားယူသွားသူ မန်ယူအသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က မိမိလည်း တိဗက်ဇ်ကဲ့သို့ အဖြစ်မျိုး ဖြစ်ပေါ်ဖူးခဲ့ကြောင်း တိဗက်ဇ်ထက် ဆိုးရွားလှစွာပင် မန်နေဂျာကို ပြန်အော်ခဲ့ဖူးကြောင်း သို့သော် မန်နေဂျာ ဖာဂူဆန်က မန်စီနီကဲ့သို့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်း မရှိခဲ့ပဲ မိမိကို နားလည်ပေးမှုကြောင့် မိမိအနေဖြင့် နောင်တကြီးစွာ ရမိကြောင်း ယခုချိန်ထိ ယင်းအဖြစ်အပျက်ကို စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ ၂၀၀၁ ခုနှစ် နိုဝင်ဘာလက ကစားခဲ့သော လီဗာပူးလ်နှင့်ပွဲစဉ်အပြီးတွင် ယင်းပြဿနာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဖာဂူဆန်က ခွင့်လွှတ်နားလည်ပေးခဲ့သည်။ ယင်းပွဲတွင် မန်ယူအသင်းမှာ လီဗာပူးလ်ကို သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
စခိုးလ်က "ကျွန်တော် ဒီလို ပြန်ပြောဖို့ ဒီလို ပြန်အာခံဖို့ သတ္တိတွေ မိုက်မဲမှုတွေ ဘယ်လိုများ ရှိသွားလဲတောင် မသိပါဘူး.. အဲဒီလုပ်ရပ်ကို ခုချိန်ထိ စိတ်မကောင်း ဖြစ်နေတုံးပါပဲ.. အတော်လေးကို မိုက်မဲတဲ့ သတ္တိပါ.. လီဗာပူးလ်နဲ့ပွဲမှာ အရန်ခုံထိုင်နေရတာကို မပျော်ရွှင်ပါဘူး.. လီဗာပူးလ်ကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်မှာ ကျွန်တော် ၀င်ကစားချင်တဲ့ ဆန္ဒတွေ ဖြစ်လာပါတယ်.. ဒါကြောင့် ကစားပါရစေလို့ တောင်းဆိုတဲ့အခါ ပွဲပြီးဖို့ ၅ မိနစ်လိုလောက်အထိ ဖာဂူဆန်က ကျွန်တော့ဆန္ဒတွေကို လစ်လျှူရှုခဲ့ပါတယ်... နောက်ရက်မှာ ကစားမယ့် အာဆင်နယ်နဲ့ ကာလင်းဖလားပွဲစဉ်မှာလဲ ၀င်ကစားဖို့ ဖာဂူဆန်ကို တောင်းဆိုခဲ့ပေမယ့် အဲဒီနေ့မှာလဲ ကျွန်တော်ဟာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပါတယ်.. ဖာဂူဆန်ဟာ ကျွန်တော့ရဲ့ အချိန်တွေကို အလဟဿ ဖြုန်းတီးပြစ်တယ်လို့ကို စိတ်ထဲမှာ ခံစားလာရပါတယ်.. ကျွန်တော် ဒေါသဖြစ်ဖြစ်နဲ့ လေ့ကျင့်ရေးကွင်းကို ပြန်သွားပြီး မန်နေဂျာကို စောင့်နေလိုက်ပါတယ်.. ဖာဂူဆန် ရောက်လာတဲ့အခါ.. ကျွန်တော် ဘယ်တော့မှ ကစားမပေးတော့ဘူး.. ဘာအဓိပ္ပါယ်နဲ့ ကျွန်တော် ဒီမှာ ရှိနေလဲ မသိဘူး လို့ ပြန်အော်ပြစ်လိုက်ပါတယ်.. ဖာဂူဆန်က ကျွန်တော့်ကို ဘာတွေ ပြန်ပြောမှန်းကို ကျွန်တော် မသိလိုက်ပါဘူး.. စိတ်ဆိုးဆိုးနဲ့ အိမ်ကိုပဲ တန်းပြန်ခဲ့ပါတယ်.. အဲဒီလို ပြန်အော်ပြစ်လိုက်လို့ ကျွန်တော့ရဲ့ မန်ယူကစားသမားဘ၀ပြီးသွားပီလို့တောင် ကားပေါ်မှာ ကျွန်တော် စဉ်းစားမိခဲ့ပါတယ်.. သွားပြီ ငါ့ကို အသင်းကနေ ထုတ်ပယ်တော့မယ်လို့ ထင်မြင်ခဲ့မိတာပါ.. တကယ်တော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်တွေ တက်တက်စင်အောင် လွဲချော်ခဲ့ပါတယ်.. နောက်ရက် လေ့ကျင့်ရေးကွင်းမှာ အားလုံးပုံမှန် ပြန်ဖြစ်နေပါတယ်.. ကျွန်တော် မှားတယ်ဆိုတာ သိလိုက်ပါတယ်.. ဖာဂူဆန်ကို ချက်ချင်းတွေ့ပြီး တောင်းပန်လိုက်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။
No comments:
Post a Comment