Monday, October 31, 2011

မယ်ရာမိုရပ်ကွက် ၇ (က) ရွေ့ပြောင်းဖို့ အခက် အခဲတွေ့ကြုံ

ဒီလ၇ရက်နေ့က ထိုင်းအာဏာပိုင်တွေအန်ဂျီအို အစိုးရမဟုတ်သောအဖွဲ့အစည်းနဲ့ စခန်းကော်မတီ
တို့ ဆွေးနွေးပွဲမှာ စခန်းကော်မတီအနေနဲ့ နှစ်ပတ်အတွင်း တစ်ခုခုစီစဉ်ပေးပြီး ကြုံတွေ့ရတဲ့အခက်
အခဲတွေ ထိုင်းအာဏာပိုင်ကို တင်ပြပေးဖို့ တောင်းဆိုထားတယ်လို့ စခန်းဥကဌ စောဘောဖိုးက
အခုလိုပြောပါတယ်။

“ဒီအကြောင်းနဲ့ပတ်သက်လို့ စခန်းကော်မ
တီတွေနဲ့ ပြန်ဆွေးနွေးပြီး တခုခုလုပ်ပေး
ဖို့ပြောတယ်။ဘာတွေ ဘယ်လိုလုပ်ရလုပ်
ရမလည်းသူမပြောဘူး။ ဖြစ်လာဖို့လည်း
သူမဆိုလိုချင်ဘူး နှစ်ပတ်အတွင်း ကြိုး
စားကြည့်ပြီး သူ့ကိုအကြောင်းပြန်ကြားဖို့
မှာသွားတယ်”

ရွှေ့ပြောင်းရမယ့် ရပ်ကွက်က လူသစ်တွေ
လက်မခံတဲ့ အပြင် ပင်မစခန်းဘက်ခြမ်း
မှာရှိတဲ့ သူတို့ဆွေမျိုးသားချင်းတွေ တတိ
ယနိုင်ငံ ထွက်သွားပါက အဲ့ဒီအိမ်တွေမှာ
ပြန်နေရမှာဖြစ်ပါတယ်။ ရပ်ကွက် (၇) က ဒုက္ခသည်တွေကတော့ နေရာတခုထဲမှာ တစုတစည်းထဲ
နေချင်တယ်လို့ အတွေးရေးမှူး စောပု ကပြောပါတယ်။

“သူတို့က ကိုယ့်ဘုန်းကြီးနဲ့ ကိုယ်၊ ကိုယ့်ဘုရားကျောင်းနဲ့ကိုယ်ပြီးတော့ ကိုယ့်ကျောင်းနဲ့ ကိုယ်ပြန်
နေချင်ကျတော့ ကျနော်တို့အတွက် အခက်အခဲတခုဖြစ်တယ်။ နယ်မြေဆွဲ ပုဂ္ဂိုလ်ဆွဲလည်းမဟုတ်
ဘူး ၁၆နှစ်အတွင်းနေထိုင်လာတဲ့ လူမှုအသိုင်းအဝိုင်းတခုဖြစ်လို့ သူတို့အတွက် အခက်အခဲဖြစ်တာ
ပေါ့”

အဲ့ဒီရပ်ကွက်က ရပ်ကွက်သားတစ်ယောက်ကတော့
“အမှန်ဆိုဒီလိုရွှေ့ပြောင်းခိုင်ရင် သူတို့က နေအိမ်တွေ အကုန်လုံးဆောက်ပေးပြီးမှ ရွှေ့ပြောင်းခိုင်
ရမှာပေါ့ အခုဟာက သူတို့မပေးတဲ့အပြင် ကိုယ့်အိမ်ကိုယ်နောက်တခါပြန်ဆောက်ခိုင်းတော့ ကျ
နော်တို့အခက်ကြံတာပေါ့ ဘာအစီအစဉ်မှမရှိပဲ ဒီလိုရွှေ့ပြောင်းခိုင်းတာ နအဖထက်ဆိုးတယ်”

ဒုက္ခသည်တွေကတော့ ဖြစ်နိုင်မယ်ဆိုရင် မပြောင်းရွှေ့ချင်ကြဘူး လို့ ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ