ဘက်ကင်းနေမည်ဟု အာဆင်ဝင်းဂါးမှ ပြောခဲ့သည်။
ဂန်းနားအသင်းသားတို့သည် နောက်ဆုံး ၈ပွဲတွင် ၇ပွဲအနိုင်ယူကာ တဖြည်းဖြည်း ချီတက်ကာ ကာ
လင်းဖလားတွင် ကွာတားဖိုင်နယ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ချန်ပီယံလိဂ်တွင်လည်း အုပ်စု၏
ထိပ်ဆုံးနေရသို့ ရယူထားနိုင်ပြီဖြစ်သည်။ ၀င်းဂါး တာဝန်ယူခဲ့သော ၁၅နှစ်အတွင်း ဆိုးဝါးသော ရှုံး
နိမ့်မှုဟူ၍ မန်ယူအသင်းအား ဂ - ၂ ဖြင့် ပွဲစဉ်သာ ရှိခဲ့သည်။

ဖြစ် လာမည့် စနေနေ့တွင် က
စားရမည့် ချဲလ်ဆီးနှင့် ပွဲစဉ်
တွင်အစမ်းသပ်ခံရဦးမည်ဖြစ်
သည်။ ဂန်းနားတို့သည် သူတို့
၏ ယုံကြည်မှုအား ဆက်လက်
ထိန်းထားနိုင်ပါက၀င်းဂါး၏ အ
နာဂတ်သည် ပိုမို တောက်ပ
နေဦးမည်ဖြစ်သည်။
အာဆင်နယ်၏ နှစ်ပတ်လည်
အထွေထွေ အစည်းအဝေး
တွင် အာဆင်ဝင်းဂါးမှ"ခင်ဗျား
တို့နဲ့ ကျွန်တော့်အကြားမှာ စိုးရိမ်မှုတွေနဲ့ အားရကျေနပ်မှု မရှိတာတွေ ဖြစ်နိုင်ပါတယ် .ဒါတွေကို
ကျွန်တော်နားလည်ပါတယ်..အကြောင်းကတော့ လူတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရှင်သန်
နေရတဲ့ကမ္ဘာဖြစ်နေလို့ပါပဲ " ဟု ပြောခဲ့သည်။
" ကျွန်တော်တို့မှာ ကြိုးစားနိုင်တဲ့ စွမ်းရည်တွေရှိပါတယ်..ဒါပေမယ့်စုစည်းမှုရှိနေဖို့တော့လိုပါတယ်
ဒါတွေက ဘောလုံးလောကမှာ အရမ်းခက်ခဲပါတယ်..ထိပ်ဆုံးမှာရှိနေဖို့ ရပ်တည်နေနိုင်ဖို့က ကျွန်
တော်တို့ စုစည်းနေမှ ဖြစ်မှာပါ.."
" ဒါဟာ ကျွန်တော် အပြစ်ရှာနေတဲ့ ဆိုလိုချက်မဟုတ်ပါဘူး..ကျွန်တော့် အလုပ်ရဲ့ အနေအထားကို
လက်ခံပါတယ်..ဘုတ်အဖွဲ့မှာလည်း အပြစ်ရှိပါတယ်..ဒါပေမယ့် ကျွန်တော်တို့ အပြင်ကို ပြသရမှာ
က စုစည်းမှုကိုပါ..ဒါဟာ ထိပ်ဆုံးကို ရောက်စေမယ့် နည်းလမ်းပါပဲ.."
" စုစည်းမှုရှိနေမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ..မစုစည်းဘူးဆိုရင်တော့ ခင်ဗျား
မှာ အခွင့်အရေးမရှိတော့ပါဘူး.."
" အချိန်က ပေးလာတဲ့ မေးခွန်းတွေကို ကျွန်တော်တို့ ကာကွယ်ရမှာပါ..ကိုယ်ပိုင်လုံလောက်တဲ့ အ
နေအထားနဲ့ပေါ့.. ကျွန်တော်တို့ ပြောင်းလဲဖို့ လိုချင်သလား ?မလိုချင်ဘူးလား?ကျွန်တော်ယုံကြည်
ပါတယ်..ဒါတွေကိုတုန့်ပြန်နိုင်ပြီး အသင်းဟာ ပိုပြီးပြည့်စုံလာလိမ့်မယ်ဆိုတာကိုပါပဲ"
ယခုလ အစောပိုင်းတွင် ၀င်းဂါးသည် ၆၂နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ရာသီတွင် စိတ်ပျက်
စရာများကို ကြုံတွေ့ခဲ့ရသည်။ ၀င်ဘာလေတွင် ကျင်းပသော ကားလင်းဖလားတွင် အသင်းငယ်
လေး ဘာမင်ဂမ်အား ရှုံးနိမ့်ခဲ့ရသည်။ ဥရောပတွင် အောင်မြင်မှု ပြန်လည်ရရှိရန်နှင့် ပရီးမီးယား
လိဂ်တွင် ထိပ်ဆုံး လေးသင်းစာရင်းဝင်နိုင်ရန်အာဆင်နယ်အသင်းကြိုးစားရမည်ဖြစ်သလိုအသင်း
သားတိုင်း၏ စိတ်ထဲတွင် အောင်မြင်မှုကို ဆာလောင်နေသော စိတ်ဓါတ်တို့ ရှိကြရတော့မည်ဖြစ်
သည်။
" ဒီရာသီအစမှာ ကျွန်တော်တို့ အရမ်းခက်ခဲခဲ့ပါတယ်.. ဖိအားတွေရဲ့ အောက်မှာလည်း ရှင်သန်
နေခဲ့ရပါတယ်.."ဟု ဂန်းနား ဘော့စ်မှ ပြောခဲ့သည်။
" အမ်းမရိတ်ကွင်းမှာ စတင်ခဲ့ရတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရမ်းခက်ခဲခဲ့ပါတယ်.. ဒီကလူ
တွေက အရမ်း ယုံကြည်မှု ကင်းပြီး သံသယတွေနဲ့ ရှင်သန်နေလို့ပါပဲ"
" ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့အသင်း အောင်မြင်မှု ရာသီကို မကြာခင်ရောက်ရှိလာ
တော့မှာပါ.."
အသင်းခေါင်းဆောင် ဗန်ပါစီ၏ စာချုပ်သက်တမ်းနှင့် ပတ်သက်၍လည်း အင်ပြေမည်ဟုယုံကြည်
ကြောင်း ပြောခဲ့သည်။
" သူဟာ ၁၈လပဲ ကျန်တော့တာပါ စာချုပ်သက်တမ်း အတွက် အဆင်ပြေမယ်လို့ ကျွန်တော် ယုံ
ကြည်မှုရှိပါတယ်" ဟု ပြောခဲ့သည်။
No comments:
Post a Comment