ထူးချွန်သော ကစားသမား တစ်ဦးဖြစ်ပြီး၊၎င်း၏ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း၊သို့သော်
လည်း မက်ဆီကသာလျှင် နံပါတ်(၁) ဖြစ်ကြောင်း ပြောကြားလိုက်သည်။
စီရော်နယ်ဒိုသည် ပြိုင်ဘက်အသင်း ပရိတ်သတ်များ၏ သား
ကောင်ဖြစ် နေသော ကိစ္စနှင့်
ပတ်သက်ပြီး အင်နီယေစတာ
က -"အဲ့ကိစ္စတော့ ကျွန်တော်
လည်း မသိဘူး၊ ကျွန်တော်သိ
တာကတော့ စီရော်နယ်ဒိုဟာ
ကမ္ဘာ့အကောင်းဆုံး ကစားသ
မား ထဲကတစ်ယောက်ပါ၊ ပြီး
တော့ ခုချိန်မှာ မက်ဆီက နံ
ပါတ်(၁)ဆိုတာကတော့ သံသယ
ဖြစ်စရာမလိုပါဘူး၊ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တော့ကျွန်တော်ဘာမှ စိုးရိမ်နေတာမျိုး မဖြစ်ပါဘူး၊
ကျွန်တော်စိုးရိမ်တာ တစ်ခုကတော့ကျွန်တော့်ရဲ့ အကောင်းပုံစံရနေတဲ့အချိန်မှာဘာစီလိုနာနဲ့အ
တူ ဆုဖလားတွေ ထပ်မရမှာကိုပါ" ဟုပြောကြားသွားခဲ့သည်။။
ဆက်လက်ပြီး အင်နီယေစတာက -"ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်ဖို့
ကျွန်တော်ကစားနေတာ မဟုတ်ပါဘူး၊ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ဖြစ် မဖြစ်ဖြစ်
ကျွန်တော် သိပ်ဂရုမစိုက်ပါဘူး၊ ဘောလုံးကို ၀ါသနာပါလို့ ကစားနေတာပါ၊ ခုဆို ကျွန်တော်
ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ကစားနေတာပါ၊ ဒီအသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်
ခူးနိုင်တာကို ကျွန်တော် အရမ်းဘဲ ပျော်ရွှင်ရတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှု
ကြောင့် ပျော်ရွှင်နေတဲ့ ပရိတ်သတ်တွေကို ကြည့်ပြီး အရမ်းပီတိဖြစ်ရတယ်" ဟု ထပ်လောင်း
ပြောကြားလိုက်သည်။
No comments:
Post a Comment