Saturday, October 22, 2011

တန်းတက်တန်းဆင်းဥပဒေအပေါ် ဖာဂူဆန်၏အမြင်

နိုင်ငံခြားသားများ ပိုင်ဆိုင်ထားသည့် ပရီးမီးယားလိဂ် အသင်းတစ်ချို့ဟာ ပရီးမီးယားလိဂ်ကို
တန်းဆင်း၊ တန်းတက် မရှိ ဥပဒေ ကျင့်သုံးဖို့ ဆန္ဒရှိနေကြကြောင်း လိဂ်မန်နေဂျာများ အစည်း
အရုံး ဥက္ကဋ္ဌ ရစ်ချတ် ဘီဗင်ရဲ့အဆိုအရသတင်းများထွက်ပေါ်လာခဲ့သည်။

မန်ချက်စတာယူနိုက်တက် မန်နေဂျာဆာအဲ
လက်စ်ဖာဂူဆန်ကတော့ ထိုသို့ တန်းဆင်း၊
တန်းတက်ဥပဒေကိုဖျက်သိမ်းခဲ့မည် ဆိုလျှင်
နိုင်ငံတွင်းရှိအသင်းများကိုအဆုံးစီရင်ခြင်းပ
မာဖြစ်လိမ့်မည်ဟု အပြင်းအထန် ဝေဖန်လိုက်
သည်။ ထိုသို့ ကြံစည်ခြင်းမှာလည်း ရူးမိုက်
သည့် အကြံအစည်တစ်ခုသာ ဖြစ်ကြောင်းဝေ
ဖန်လိုက်သည်။။ဖာဂူဆန်က “အကျိုးရလာဒ်
တွေ ကုန်ဆုံးသွားစေမယ့် အစီအစဉ်တစ်ခု
ဘယ်ကနေ ထွက်ပေါ်လာသလဲ ဆိုတာ ကျ
နော် မသိပါဘူး။လက်ရှိအခိုက်အတန့်မှာဆို
ရင်ကြီးကျယ်တဲ့ သမိုင်းကြောင်းတွေရှိတဲ့ အ
သင်းတွေဟာ ချန်ပီယံရှစ် အဆင့်မှာ ကစား
နေကြရတာအနည်းဆုံး၈သင်းလောက်ရှိပါ
တယ်။အဲဒီ ၈သင်းကိုခင်ဗျားဘယ်လိုများပြော
ချင်တာလဲ။ ဘယ်တော့မှ ပရီးမီးယားလိဂ်ဆီကို ပြန်မလာနဲ့တော့လို့ ပြောချင်တာလား။”

“တကယ်လို့သာ ပရီးမီးယားလိဂ်ကို ခင်ဗျားတို့ တံခါးပိတ်လိုက်မယ်ဆိုရင်. ဒီနိုင်ငံထဲမှာ ရှိသ
မျှ အသင်းတွေကို အဆုံးစီရင်လိုက်သလိုပါပဲ။ အထူးသဖြင့် ချန်ပီယံရှစ်က အသင်းတွေကိုပေါ့။
ချန်ပီယံရှစ်မှာ ကျင်လည်နေကြတဲ့ တစ်ချို့အသင်းတွေဟာ ပရီးမီးယားလိဂ်မှာနှစ်ပေါင်းများစွာ
အဓိကမဏ္ဍိုင်အဖြစ် ကစားခဲ့ကြတဲ့ အသင်းတွေ ရှိပါတယ်။ တန်းဆင်း၊ တန်းတက် ဥပဒေကို
ဖျက်သိမ်းခဲ့မယ်ဆိုရင် ဒါဟာ ရူးမိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

ငွေကြေးတွေ ရရှိဖို့၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆိုတာ ပရီးမီးယားလိဂ်မှာပဲဖြစ်နိုင်တာပါ။
ချန်ပီယံရှစ်က အသင်းတွေရဲ့ အဲဒီ မျှော်လင့်ချက်တွေကို ဆုတ်ဖြဲပစ်ဖို့ မဖြစ်နိုင်ပါဘူး။” ဟု အ
ပြင်းအထန် ဝေဖန်သွားခဲ့သည်။

လက်ရှိ ချန်ပီယံရှစ်တွင် ကစားနေရသည့် အသင်းများထဲတွင် ဥရောပချန်ပီယံဆုနှစ်ကြိမ်ဆွတ်
ခူးခဲ့ဖူးသည့်နော့တင်ဟမ်ဖောရက်စ်လိုအသင်းများပါဝင်နေသလိုကြီးကျယ်သည့် သမိုင်း
ကြောင်းများ ရှိခဲ့ဖူးသည့် လိဒ် ယူနိုက်တက်၊ ရှက်ဖီး ယူနိုက်တက်၊ ရှက်ဖီး ဝက်နက်စ်ဒေး တို့
လို အသင်းများ ပါဝင်နေသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ