တွင် အစိုးရ စစ်တပ်များက ကားလမ်းဆက်လက်ဆောက်လုပ်ရေးအတွက် လုံခြုံရေးတာဝန်ရ
ူပေးရန် တပ်များတိုးမြှင့် ချ ထားကြောင်းသိရသည်။

တိုဘာလ(၁၁)ရက်နေ့မှ စ၍အစိုးရစစ်
တပ်မှတပ်ရင်း(၆)ရင်းကိုကားလမ်းတည်
ဆောက်သည့်နေရာတွင် လုံခြုံရေးတာဝန်
ယူပေးရန်တိုးမြှင့်ထားကြောင်းပြောပြ
သည်။လမ်းဆောက်လုပ်သည့်နေရာဖြစ်
သည့်ကွီးဝေါ်ဝါမှမဲ့သမီခီးအထိလုံခြုံရေး
တာဝန်ယူပေးရသည့်တပ်ရင်း(၈)ရင်းကို
ချထားပြီး လုံခြုံရေးများတိုးမြှင့်ချထားခြင်းဖြင့်ကန်ချနဘူရီ-ထားဝယ်လမ်းမကြီးကို ဆက်လက်
ဆောက် လုပ်ခြင်းဖြစ်သည်။
တပ်ရင်းများမှာ ခမရ (၄၀၇)၊ (၄၀၉)၊ (၄၀၃)၊ (၄၀၄)၊ (၄၀၅)၊ (၅၅၆)၊ (၄၃၂) နှင့် စကခ (၁၃)
လက်အောက်ခံ ခလရ (၂၅) တို့ဖြစ်သည်။
ဒေသခံများနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှား သူများက ကန်ချနဘူရီ-ထားဝယ်လမ်းမ
ကြီးတည်ဆောက်ခြင်းကြောင့် သဘာဝါတ်ဝန်းကျင်များ ဆိုးဆိုးရွားရွား ထိခိုက်နိုင်ကြောင်းနှင့်
ထောင်နှင့်ချီသော လူထုများ ရွှေ့ပြောင်းရမည့်အကြောင်းကို ကေအန်ယူအား တင်ပြသဖြင့်ကေ
အန်ယူသည် စက်တက်ဘာလလယ်လောက်ကစပြီးလမ်းမကြီးတည်ဆောက်ရန်တားမြစ်ခဲ့သည်။
ကန်ချနဘူရီ-ထားဝယ်လမ်းမကြီးသည် ကီလိုမီတာ (၁၆၀) ရှည်လျားပြီးထားဝယ်ဖွံ့ဖြိုးတိုးတက်
ရေးစီမံကိန်း ကြီး၏ အစိတ်အပိုင်းတခုဖြစ်သည်။ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် ခန့်
မှန်းခြေ အမေရိကန်ဒေါ်လာ (၆၀) ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်ရုံ၊ ကား
လမ်း၊ မီးရထာလမ်း၊ လျှပ်စစ်နှင့် ရေနံ တူး ဖော်ခြင်းများပါဝင်သည်။ဤစီမံကိန်းကိုအီတလီထိုင်း
ကုမ္မဏီမှ မြန်မာအစိုးရနှင့် သဘောတူပြီး အကောင် အထည် ဖော်သည့် အဖွဲ့ဖြစ်သည်။
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ အစိုးရက စစ်တပ်တိုးမြင့်လိုက်တဲ့အ
တွက် ကေ အန်ယူအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ရမယ်” ဟုပြောသည်။ ဆက်လက်၍သ
ူက “ တိုက်ပွဲတွေဖြစ်ရင် အီတလီထိုင်းကုမ္မဏီအတွက် လုံခြုံရေးရှိတော့မှာမဟုတ်ဘူး။ ကုမ္မဏီ
လုပ်သားတွေက တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရင် ကေအန်ယူက တာဝန်ယူပေးနိုင်မှာမ
ဟုတ်ဘူး” ဟု ပြောသည်။
အီတလီ ထိုင်းကုမ္မဏီအနေဖြင့်ငြိမ်းချမ်းသည့်နည်းကိုအသုံးပြုပြီးဖြေရှင်းသင့်ကြောင်းနော်စီဖိုး
ရာစိန်က ပြောပါသည်။
အီတလီထိုင်းကုမ္မဏီက ကေအန်ယူမှ ကားလမ်းဆက်လက်ဆောက်လုပ်ရန် တားမြစ်ထားသော်
လည်း အစိုးရ စစ်တပ်၏ လုံခြုံရေးအကူအညီဖြင့် လမ်းဆက်လက်ဆောက်လုပ်မည်ဖြစ်ကြောင်း
သိရသည်။ အစိုးရစစ်တပ် အနေဖြင့်လည်း ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအန်ယူကို ရှင်း
လင်းဖယ်ရှားရန်အစီအစဉ် ရှိသည်။
အီတလီ-ထိုင်းကုမ္မဏီသည် ကေအန်ယူနှင့် အစည်းအဝေးအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်းသ
ဘောတူညီချက် မရရှိခဲ့ပါ။ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ပါတ်သက်ပြီး ကေအန်ယူ၏
ဗဟိုအလုပ်အမှုဆောင်ကော်မ တီအစည်းအဝေးအပြီးတွင် ပြန်လည်အကြောင်းကြားမည်ဖြစ
ကြောင်းသိရသည်။
No comments:
Post a Comment