ရွာတွင် နအဖ စစ်တပ်နှင့် ကရင်စစ်တပ်အကြား တိုက်ပွဲဖြစ်ပြီး နအဖ ဘက်မှ စစ်သား (၂) ဦး
သေဆုံးကာ (၃) ဦးဒဏ်ရာရရှိခဲ့သဖြင့် နအဖစစ်တပ်က ရွာထဲကိုဝင်ပြီးအတင်းအဓမ္မလုယက်
ခြင်းနှင့် ပစ်ခတ်မှုများပြုလုပ်သဖြင့် ရွာသားတဦးဒဏ်ရာရကြောင်း သိရသည်။

အောက်တိုဘာလ(၁၄)ရက်နေ့နေ့လည်
(၂)နာရီခွဲအချိန်တွင်ကရင်တပ်နှင့်နအဖ
တပ်ရင်း (၂၂)၊ခလရ (၂၀၃)နှင့် (၂၀၄)
အကြားတိုက်ပွဲဖြစ်သဖြင့်နအဖဘက်က
စစ်သား(၂)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရ
ကြောင်းပြောပြသည်။အောက်တိုဘာလ
(၁၅)ရက်နေ့တွင် အဆိုပါနအဖစစ်တပ်များကတာအူးထရွာထဲကိုဝင်လာပြီးရွာသားများ၏ပိုင်
ဆိုင်မှုများနှင့်အစားအသောက်များကိုအတင်းအဓမ္မလုယူခဲ့ကြပြီးအောက်တိုဘာလ(၁၇)ရက်နေ့
အထိရွာထဲတွင် စခန်းချနေထိုင်ခဲ့သည်။
အောက်တိုဘာလ (၁၈) ရက်နေ့ ၊ မနက်ပိုင်းတွင် အဆိုပါတပ်များက ရွာထဲကထွက်ခွါပြီးနောက်
ရွာထဲသို့ လက်နက်ကြီးများ ပစ်ချသဖြင့် အသက် (၂၂) နှစ်အရွယ် ရွာသားတဦးက ခြေထောက်
တွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှာ ရေဘေးသင့်ပြည်သူတွေကို မြန်မာဒုက္ခသည်တွေကူညီဖို့ အလှူငွေကောက်ခံထိုင်း
နိုင်ငံရေကြီးရေလျှံမှုကြုံနေရတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်
စခန်းအသီးသီးက အလှူငွေ ကောက်ခံဖို့ ကေအာစီ(ကရင်ဒုက္ခသည်ကော်မတီ)က ဒီလ၁၃ရက်
နေ့ကစပြီး ညွန်ကြားထားတယ်လို့ ကေအာစီ ဒုဥက္ကဌ စောဂျောက်ကပြောပါတယ်။
ထိုင်းနိုင်ငံက ခရိုင်ပေါင်း ၆၀ ရှိ လူဦးရေ ၈၂ သိန်း ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသလို စီးပွားရေးအ
ရ အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့် ဆုံးရှုံးရလို့ ဒုက္ခသည်တွေအနေနဲ့ တစ်ယောက်အခက်အ
ခဲကို တစ်ယောက်ကကူညီဖို့ လိုအပ်တဲ့အပြင်ထိုင်းအစိုးရနဲ့ ဆက်ဆံရေးအားကောင်းလာအောင်
လုပ်တာဖြစ်တယ်လို့ စောဂျောက်ကပြောပါတယ်။
“ညီကိုမောင်နှမချင်း အခက်အခဲကြုံနေရသလို ကျနော်တို့လည်းတတ်နိုင်သလောက် လုပ်ရမှာပဲ
လေ ကျနော်တို့က ထိုင်းနိုင်ငံမှာခုံလှုံနေရတဲ့အတွက် ဆက်ဆံရေးကောင်းလာဖို့ အကောင်းလုပ်
ဆောင်ရမှာပေါ့”အဲ့ဒီရေဘေးသင့် ဒုက္ခသည်တွေကို ကူညီဖို့ ငွေကြေးကလွဲပြီး အခြားကူညီမှုမ
ပေးနိုင်လို့ အလှူငွေတွေကို ဒုက္ခသည်တွေရဲ့စေတနာအပေါ်မှုတည်ပြီး ရရှိတဲ့ငွေကြေးတွေကို
ရေဘေးသင့် ဒေသခံတွေကို ကူညီတဲ့ ကော်မတီ ထံပို့ပေးမှာဖြစ်ပါတယ်။
ဇူလိုင်လ၂၅ရက်နေ့စပြီး ထိုင်းနိုင်ငံမှာ တိုက်ခတ်လာတဲ့အပူပိုင်းမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာ
သွန်းမှူးဖြစ်ကာ ထိုင်းနိုင်ငံတ၀က်ကျော် ရေကြီးရေလျှံမှုနဲ့ရင်ဆိုင်နေရပြီး ရေလွမ်းမိုးခံနေရတဲ့
ဒေသတွေမှာရှိတဲ့ စက်ရုံလုပ်ရုံတွေ ရပ်ဆိုင်းနေရတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သ
မားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကာ အခက်အခဲကြုံနေရပါတယ်တယ်။
No comments:
Post a Comment