(A) အရွှေ့ အပြောင်းမဖြစ်ဖို့ စခန်းကော်မတီတွေ ကြိုးစားပေမယ့်ထိုင်းအာဏာပိုင်တွေရဲ့ညွန်ကြား
ချက်အရ စတင်ရွှေ့ ပြောင်းပြင်ဆင်နေရပြီးဖြစ်တယ်လို့ စခန်းအတွေးရေးမှူး မလ်တာ ခေါ်တီပုက
ပြောပါတယ်။

ကွက်၆ အခွဲ နှစ်ခုကို ထိုင်းအာ
ဏာပိုင်တွေကမဲဟောင်ဆောင်
နဲ့တာခ် ခရိုင်နှစ်ခုရဲ့နယ်စပ်မှာ
တည်ရှိနေတာမို့ လုံခြုံရေး အ
တွက် ဘယ်ခရိုင်ကမှ တာဝန်
ယူနိုင်မှု မရှိတဲ့အတွက် ရွေ့
ပြောင်း ခိုင်းတာဖြစ်တယ်လို့
တီပု ကပြောပါတယ်။
“ကျနော်တို့ ရပ်ကွက်၇(က)က
ခရိုင်နှစ်ခုနယ်စပ်ဖြစ်လို့ ဒီရပ်
ကွက်မှာတစ်ခုခုဖြစ်လာရင်မယ်ဟောင်ဆောင် လည်း တာဝန်မယူဘူး၊ တာရိုင်လည်းတာဝန်မယူဘူး၊
ဒီလိုနေရင် လုံခြုံမှုမရှိဘူး အဲ့ဒီတော့သူတို့က ခရိုင်တခုမှာ ပဲပြန် နေပေးဖို့ ဖြစ်တယ်”
ရွှေ့ပြောင်းတဲ့အနေနဲ့ အဲ့ဒီရပ်ကွက်ကို လူသစ်တွေလက်မခံတဲ့အပြင် မယ်ဟောင်ဆောင် ဘက်ခြမ်း
ရှိတဲ့ သူတို့ ရွှေမျိုးသားချင်းတွေ တတိယနိုင်ငံ ထွက်သွားပါက အဲ့ဒီအိမ်တွေပြန်နေရမှာဖြစ်ပြီး ရပ်
ကွက်၇(A)ကအိမ်ခြေ တဖြေးဖြေး လျော့ဖို့ နေ့ရက်အကန့်အသတ်မရှိပဲ ဖြုတ်သွားမှာဖြစ်တယ်လို့
အတွေးရေးမှူးကပြောပါတယ်။
အဲ့ဒီရပ်ကွက်က ဒုက္ခသည်တချို့က မယ်ဟောင်ဆောင်ဘက်ခြမ်းမှာ အိမ်ဆောက်ဖို့အတွက် နေရာ
အလွတ်တွေလိုက်ရှာ နေတယ်လို့သိရပါတယ်။
မယ်ရာမိုစခန်းတစ်ခုလုံးမှာ ရပ်ကွက် ၁၀ခုရှိပြီး မူယူ(မိုင်းလုံးကြီး)ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရပ်
ကွက် ၇(A)နဲ့ ရပ်ကွက်၆အခွဲ နှစ်ခုဟာ ခရိုင်နှစ်ခုနယ်စပ်မှာတည်ရှိပြီး အိမ်ခြေ၅၀၀နီးပါးရှိပြီး
လူဦးရေ လေးထောင် ကျော်ရှိတယ်လို့ စခန်းကော်မတီတွေကပြောပါတယ်။
No comments:
Post a Comment