Thursday, October 20, 2011

စီးတီးအသင်းကို ကျွန်တော် အလဲထိုးသွားမှာပါ။ နာနီ

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားနာနီကမန်ချက်အသင်း၏ပွဲကြီးများတွင်ပွဲထွက်က
စားရသည့်ကစားသမားများထဲတွင်တစ်ဦးပါဝင်ကြောင်းသက်သေပြရန်နှင့် အိမ်နီးချင်းများ၏ဆူညံ
သံများကိုတိတ်ဆိတ်သွားအောင်ပြုလုပ်ဖို့ရန်အတွက်အဆင်သင့်ဖြစ်နေပြီးဖြစ်ကြောင်းထုတ်ဖော်
ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့တွင် အိုးထရန့်ဖိုဒ်ကွင်း၌ သရဲနီ
တပ်သားများသည် ရောဘတ်တိုမန်စီနီ ကိုင်
တွယ်နည်းပြနေသည့် အမှတ်ပေး ဇယားထိပ်
မှ မန်စီးတီးအသင်းကို ဧည့်ခံကစားရမည်ဖြစ်
ပြီး ဆာအဲလက်စ်ဖာဂူဆန်က မိမိသိထားခဲ့သ
မျှတွင် အကြီးကျယ်ဆုံး ဒါဘီပွဲ ဖြစ်လာနိုင်
မည်ဟု ဟောကိန်းထုတ်ခဲ့သည်။

ထို့အပြင် နာနီသည် နောက်ဆုံးဆုံတွေ့ခဲ့
သည့် မန်ချက်စတာ ဒါဘီ(၃)ကြိမ်တွင်(၃)ဂိုး
သွင်းနိုင်ခဲ့ပြီးနောက် လာမည့်ဒါဘီပွဲတွင်လည်း
အရေးပါသည့် အခန်းကဏ္ဍမှ ပွဲထွက်ကစားနိုင်
ရန်စိတ်အားထက်သန်နေသည်။

ဒီလိုမျိုးပွဲကြီးတွေကို ကျွန်တော်တို့ ကစားရ
ချိန်တိုင်းမှာ ကျွန်တော်တို့ အရမ်းကို စိတ်အား
တက်ကြွနေပါတယ်။ ပြီးတော့ ဒါဘီပွဲတွေအ
တွက် ပြင်ဆင်ရတာလဲ အမြဲတမ်း ခက်ခဲလွန်း
ပါတယ်။ ဒီလိုမျိုးပွဲတွေကို ကစားသမားတိုင်းက ပါဝင်ကစားချင်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်ပါပဲ။

ဒီလိုမျိုးပွဲတွေအတွက် ကျွန်တော်ရဲ့ ယုံကြည်ချက်က မြင့်မားလွန်းပြီး သက်သောင့်သာက်သာ ခံစား
နေရပါတယ်။ ဒီပွဲတွေမှာ ကြုံတွေ့ရမယ့် ဖိအားဒဏ်ကို ကျွန်တော် နှစ်သက်လွန်းပြီးစီးတီးအသင်းနဲ့
ရင်ဆိုင်ကစားရတဲ့ ပွဲတွေက နှစ်တိုင်း ပိုမိုအရေးပါတယ်လို့ ထင်ခဲ့ရပါတယ်။

သူတို့နဲ့ ရင်ဆိုင်တိုင်း ကျွန်တော်တို့ ကစားတာ အမြဲတမ်း ကောင်းမွန်ပါတယ်။ ပြီးတော့ တနင်္ဂနွေ
နေ့ပွဲမှာ ကျွန်တော်တို့ အနိုင်သေချာ ရစေဖို့ ကျွန်တော် အထောက်အပံ့ ပေးနိုင်မယ်လို့ မျှော်လင့်
မိပါတယ်။ ကျွန်တော်အလုပ်ကို ကြိုးစားလုပ်ခဲ့ပြီး ဒီလိုမျိုးပွဲကြီးတွေကို စောင့်ဆိုင်းနေပါတယ်။ ဘာ
လို့လဲဆိုတော့ ကျွန်တော်မှာ ဒီလိုမျိုးပွဲကြီး ကစားနိုင်မယ့် အရည်အချင်းရှိပြီး သူတို့နဲ့ ကစားရဖို့
စိတ်အားထက်သန်နေလို့ပါပဲ။

ဆက်လက်၍ နာနီက ယမန်နှစ်က စီးတီးအသင်းအပေါ် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင်မန်ချက်
အသင်း၏ ဗွေဆော်ဦးဂိုးကို ၎င်းကိုယ်တိုင် သွင်းပေးနိုင်ခဲ့ကြောင်းနှင့် ၀ိန်းရွန်နီ၏မယုံကြည်နိုင်လော
က်အောင် ကောင်းမွန်သည့် နောက်ပြန်ကန်ချက်ဂိုးသည် အမှတ်ရဖွယ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျွန်တော် တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရွန်းနီရဲ့နောက်ပြန်ကန်ချက်ဂိုးက ပိုပြီးကောင်းမွန်ပါ
တယ်။ ကျွန်တော်ယုံကြည်မှု ရရှိနေပါတယ်။ သူတို့နဲ့ ပြန်လည်ရင်ဆိုင် ဂိုးသွင်းနိုင်ဖို့ ကျွန်တော်
သက်သောင့်သက်သာ ရှိနေပါတယ်။

ထို့အပြင် နာနီက မန်စီးတီးအသင်းသည် ကစားပုံ တိုးတက်နေသော်လည်း မန်ချက်အသင်းသည်
ကလပ်စံချိန်တင် အိမ်ကွင်း(၁၉)ပွဲ နိုင်ပွဲဆက်ထားသည့် အားသာချက်ရှိကြောင်း၊ လာမည့်ပွဲအတွက်
ယုံကြည်မှုအပြည့်ရှိကြောင်း ထပ်မံပြောဆိုခဲ့သည်။

စီးတီးအသင်း ကစားတာ ကောင်းမွန်နေပါတယ်။ သူတို့ဟာ စွဲမက်ဖွယ်ကစားနိုင်တဲ့ ကစားသမား
ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းကောင်း တစ်သင်းဆိုတာ မှန်ပါတယ်။ ဒါကြောင့် ဒီဒါပွဲက
အခြားပွဲတွေထက်ကို ပိုမိုခက်ခဲလွန်းပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားရမှာပါ။
ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အားသာချက် တစ်ခုပါ။ ကျွန်တော်တို့မှာ စံချိန်တင် အိမ်
ကွင်းနိုင်ပွဲဆက် မှတ်တမ်းတစ်ခု ရှိနေပါတယ်။

ကျွန်တော်တို့ ပွဲကြီးတွေကို ဘယ်အချိန်မှာပဲ ကစားကစား ကျွန်တော်တို့ အပေါင်းလက္ခဏာဆန်
တဲ့ စိတ်ထားနဲ့ အနိုင်လိုချင်ပါတယ်။ ကစားသမားအားလုံးက မနှစ်တုန်းက အက်ဖ်အေဆီးမီးဖိုင်
နယ်ပွဲအကြောင်းကို မေ့ထားခဲ့ပါပြီး။ အထူးသဖြင့် ဒီနှစ်ရာသီစချိန်မှာ ၀င်ဘာလေကွင်း ကွန်မြူနတီ
ပွဲမှာ စီးတီးအသင်းကို ကျွန်တော်တို့ အနိုင်ရတာလည်း မေ့နေခဲ့ပါပြီး။ ဆီးမီးဖိုင်နယ်၊ ဒါမှမဟုတ်
အခြားပွဲတွေမှာ ကျွန်တော်တို့ ရှုံးနှိမ့်ခဲ့တဲ့အကြောင်းထက် ၀င်ဘာလေကွင်းက ကွန်မြူနတီနိုင်ပွဲအ
ကြောင်းကို ကျွန်တော်တို့ အမှတ်ရနေဖို့က အရေးကြီးပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ