Tuesday, November 1, 2011

ဂိုးပြတ် အနိုင် ယူခဲ့သော်လည်း မန်ယူသည် အတုယူ အားကျ နေရမည့် အသင်းအဖြစ် ရှိနေဆဲ ဟု မန်စီနီ ယုံကြည်နေ

၎င်းဦးဆောင်နေသော အသင်းက မန်ချက်စတာ ယူနိုက်တက်အား(၆-၁)ဖြင့် အပြတ်အသတ်အ
နိုင် ရခဲ့သော်လည်း အင်္ဂလန် ချန်ပီယံ အသင်းသည် အတုယူ အားကျရမည့် အသင်းအဖြစ် ရော
ဘတ်တို မန်စီနီက ယုံကြည်နေဆဲ ဖြစ်သည်။

အီတလီသားမန်နေဂျာကြီး
ကိုင်တွယ်နေသောအသင်း
သည်မန်ယူကိုအိုးလ်ထ
ရက်ဖို့ဒ်မြေတွင်ပင်ဂိုးဒါဇင်
ဝက် သွင်းကာ အနိုင်ယူပြီး
ပရီးမီးယားလိဂ်အမှတ်ပေး
ဇယား၌(၅)မှတ်ဖြတ်ကာဦး
ဆောင်လျက်ရှိသည်။ သို့
သော်လည်း မြို့ခံပြိုင်ဘက်မန်ယူအပေါ်မိမိတို့အနေနှင့်အားကျအတုယူနေရဦးမည်ဖြစ်ကြောင်း
မန်စီနီက အသင်းမှဝန်ထမ်းများထံသို့ပေးပို့သော emailအတွင်းထည့်သွင်း ဖော်ပြခဲ့သည်။

Daily Mail သတင်းစာသည် မန်စီနီက ကာရင်တန် လေ့ကျင့်ရေးကွင်း၊ ကလပ်အသင်းအကယ်
ဒမီနှင့် အစ်တီဟတ် ကွင်းကြီးတို့ထံမှ ၀န်ထမ်းများထံ ပေးပို့သော email တစ်စောင်ကို လက်ခံ
ရရှိခဲ့ပြီးနောက် ယင်းကို ကိုးကားပြီး သတင်းအဖြစ် ဖော်ပြခဲ့သည်။

အဆိုပါ email အတွင်းတွင် “မန်ယူဟာ ထိပ်တန်း အသင်းတစ်ခု အဖြစ် ဆက်ရှိနေဦးမှာပါ။ဘာ
ဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ တစ်သမတ်တည်း အောင်မြင်မှုတွေ ယူနေတဲ့ အသင်းမို့လို့ပါ။ကျွန်
တော်တို့လည်း သူတို့ကို အတုယူပြီး အဲဒီလို ဖြစ်အောင်လုပ်ရပါမယ်။ကျွန်တော်တို့ အနိုင်ရခဲ့တဲ့
အတွက် အသင်းက လူတွေအားလုံး ပျော်ရွှင်နေမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ
လည်း ပိုပြီး တိုးတက်လာမယ့် အနာဂတ် အတွက် ကျွန်တော်တို့တွေ အာရုံစိုက်ဖို့ လိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ နောက်ထပ် စိန်ခေါ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်ပြီး အောင်မြင်မှုတွေ
ရယူ သွားနိုင်ဖို့ မျှော်လင့် ထားပါတယ်” ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။

၎င်းက မန်စီးတီး အသင်း အောင်မြင်မှု ရနေစေရန် အဘက်ဘက်မှဝိုင်းဝန်းကူညီသောဝန်ထမ်း
အားလုံးကို ကျေးဇူး တင်ရှိကြောင်းနှင့် အောက်တိုဘာလသည် အောင်ပွဲ ခံရမည့် အချိန်မဟုတ်
သေးဟုလည်း ဆိုသည်။

“ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဒါဟာဝန်ထမ်းတွေ
ရဲ့ ပူးပေါင်း ကူညီမှုနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမဲ့ ခုလောလောဆယ်အောက်တိုဘာလမှာပဲရှိနေ
ပါသေးတယ်။ ကျွန်တော်တို့ အသင်း ရလဒ်ကောင်းတွေပိုင်ဆိုင်နေပေမယ့် တကယ့် အောင်မြင်
မှုကောင်းတွေကို ရယူဖို့ အတွက် ပိုပြီး ကြိုးစား နေရပါဦးမယ်” ဟု မန်စီနီက အသင်း ၀န်ထမ်း
များထံ ပေးပို့သော email အတွင်း ထည့်သွင်း ရေးသားသွားသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ