Wednesday, November 2, 2011

၂၀၁၁ရွှေဘောလုံးဆု ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ချီးမြင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ အတွက် ၂၃-ဦးဇကာတင်စာ
ရင်းအား ထုတ်ပြန်ကြေငြာခဲ့ရာ ဘာစီလိုနာ အသင်းမှ ဘောလုံး အကျော်အမော် လီယွန်နယ် မက်
ဆီနှင့် ရီးရဲလ်မက်ဒရစ် ဂိုးသွင်းသူရဲကောင်း ခရစ္စတီယံနို ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ကြောင်းသိရ
သည်။

အဆိုပါစာရင်းအား၂၀၁၀က
မ္ဘာ့ဖလားအနိုင်ရရှိခဲ့သည့်စ
ပိန်အသင်းမှကစားသမားများ
ကလွှမ်းမိုးထားပြီး ၂၃ဦးတွင်
(၇)ဦးထိ ပါဝင်ခဲ့ပြီး ၂၀၁၁ကို
ပါအမေရိက ဖလားပိုင်ရှင်ဥရု
ဂွေးအသင်းမှကစားသမား
(၂)ယောက်ပါဝင်လာခဲ့
ကြောင်းသိရသည်ဂျာမဏီက
စားသမား (၃)ဦးထိ အဆိုပါ စာရင်းတွင် ပါဝင်ခဲ့ပြီးဒုတိယအများဆုံးဖြစ်ကာ ပြင်သစ်၊အာဂျင်တီး
နားနှင့်ဘရာဇီး တို့မှ ကစားသမား(၂)ဦးစီ အသီးသီး ပါဝင်ခဲ့ကြသည်။

အဆိုပါ စာရင်းတွင် အာဖရိကမှ တစ်ဦးတည်းသော ကစားသမားအဖြစ် အန်ဇီအသင်းမှ တိုက်စစ်
မှူး အီတိုး သာပါဝင်ခဲ့သည်။

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဘာစီလိုနာ အသင်းသည် တစ်ခြား ကလပ်အသင်းများထက် အဆို
ပါ စာရင်းအား လွှမ်းမိုးထားနိုင်ပြီး နေရာအလိုက် ကစားသမား (၈)ဦးထိ များပြားစွာ ပါဝင်လာခဲ့
ကြောင်း တွေ့ရသည်။

အဆိုပါ ဆုအား ဆွတ်ခူး ရရှိသူ၏ အမည်စာရင်းအား၂၀၁၂ခုနှစ်ဇန်န၀ါရီလ၉ရက်နေ့တွင်Zurich
Kongresshaus ၌ ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း သိရပြီး မဲအများဆုံးပေးခြင်းခံရသည့်
ဇကာတင် (၃)ယောက်စာရင်းအား ဒီဇင်ဘာလ ၅ ရက် ၂၀၁၁ ခုနှစ်တွင်ဖီဖာနှင့်ပြင်သစ်ဘောလုံး
မဂ္ဂဇင်း တို့က ထုတ်ပြန် ကြေငြာသွားမည် ဖြစ်သည်။

ယမန်နှစ်က အဆိုပါ ဆုအား ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သူ၏ တစ်သင်းတည်းကစားဖေါ်
ဇာဗီနှင့် အင်နီယက်စတာတို့အား ဖြတ်ကျော်ပြီး ဆွတ်ခူး ရရှိခဲ့သည်။

ဇကာတင် (၂၃)ဦး စာရင်း
Eric Abidal, Karim Benzema (France), Sergio Aguero, Lionel Messi (Argentina), Iker
Casillas, Cesc Fabregas, Andres Iniesta, Gerard Pique, David Villa, Xabi Alonso, Xavi
(Spain),
Cristiano Ronaldo, Nani (Portugal), Dani Alves, Neymar (Brazil), Samuel Eto’o (Cameroon), Diego Forlan, Luis Suarez (Uruguay), Thomas Muller, Mesut Ozil, Bastian Schweinsteiger (Germany), Wayne Rooney (England), Wesley Sneijder (Netherlands).

တစ်ချိန်တည်းမှာပင် အမျိုးသားဘောလုံးလောက၏ ၂၀၁၁ ခုနှစ်အတွက် တစ်နှစ်တာ ကမ္ဘာ့အ
ကောင်းဆုံး နည်းပြဆုအတွက်ဇကာတင်နည်းပြ(၁၀)ဦးစာရင်းကိုလည်းထုတ်ပြန်ကြေငြာခဲ့သည်။

ဇကာတင်နည်းပြ (၁၀)ဦးစာရင်း
Vicente del Bosque (Spain national team), Sir Alex Ferguson (Manchester United),
Rudi Garcia (Lille), Pep Guardiola (Barcelona), Jurgen Klopp (Borussia Dortmund),
Joachim Low (Germany national team), Jose Mourinho (Real Madrid), OscarTabarez
(Uruguay national team), Andre Villas-Boas (Porto, Chelsea), Arsene Wenger
(Arsenal)

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ