Tuesday, November 8, 2011

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး အဖွဲ့ ၂ဦးကို အစိုးရစစ်တပ် ဖမ်းဆီး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် မာထောကျေးရွာအုပ်စုအတွင်း သွားရောက် ဆေးကုသပေးခဲ့သည့်
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT) ၀န်ထမ်းနှစ်ဦးကို မြန်မာအစိုးရ စစ်
တပ်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

၎င်းဆေးဝန်ထမ်း အမျိုးသမီးနှင့် အမျိုးသား
တို့သည် အောက်တိုဘာလ ၂၉ရက်နေ့က
ထိုဒေသရှိကိုးခီးတွင် လူနာတစ်ဦးအား ဆေး
ကု သပေးနေစဉ် အစိုးရတပ် တပ်မ(၁၁)
လက်အောက်ခံ ခမရ(၂၁၂)တပ်ရင်း ရောက်
ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်
သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး
တပ်မတော်-KNLA တပ်မဟာ(၅) ရုံးထိုင်မှူး
ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

“ကိုးခီးဒေသမှာ လူနာတစ်ယောက်က နေမကောင်းလို့ဆိုပြီး သူတို့က လူနာအလုပ်လုပ်တဲ့ ကွမ်း
သီးခြံမှာပဲ ဆေးသွားကုပေး တယ်လေ။ အဲ့ဒါသူတို့က လူနာကို ဆေးကုနေတုန်းပဲ စစ်တပ်က
ရောက်လာပြီး သူတို့နှစ်ယောက်စလုံးကို ဖမ်းခေါ်သွားတာ။” ဟု ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသားမှာ အသက် ၂၅နှစ်အရွယ် စောဖားစေးချိုးဖြစ်ပြီး အမျိုးသမီးမှာ အသက်
၂၄နှစ်အရွယ် နော်ကမွီးခုတို့ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လက်ရှိ နောက်ဆုံးအခြေအနေရ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဆေးဝန်ထမ်းအမျိုးသမီးမှာ ဖာ
ပွန်မြို့နယ်ရှိ စစ်ဗျုဟာဌာန ချုပ်-စဗခ(၁) ဗျူဟာရုံးသို့ ပို့ဆောင်ခံရပြီး အမျိုးသားမှာမူ မည်သည့်
သတင်းမှ မရရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဖာပွန်မြို့၏ အရှေ့ဘက်တွင် စစ်ဗျူဟာအခြေစိုက် ခလရ(၁၉)၊ ခမရ(၃၄၀)၊ ခမရ(၃၄၁)နှင့် ခမရ
(၄၃၄) တပ်ရင်းတို့ အခြေ စိုက် လှုပ်ရှားလျှက်ရှိသည်။

ယခင်လ ၁၇ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် သောင်ရင်းမြစ်တွင် အစိုးရစစ်
တပ်တို့က ထိုင်းဘက်ခြမ်း ကူးကာ မြစ်တစ်ဖက်ကမ်းရှိ ကရင်တပ်ဖွဲ့ဝင်များအား ၀င်ရောက်ပစ်
ခတ်ခဲ့ရာတွင် KNLA ဆေးမှူးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ