Tuesday, November 8, 2011

ဒီကေဘီအေ တပ်ဖွဲ့ ၏ လူထု ဆန္ဒခံယူပွဲ

ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ
အပေါ် လူထု ဆန္ဒ ရယူရန် ရှင်းလင်းပွဲ တရပ်ကို ယခုလ (၄) ရက်နေ့ မနက် (၁၀) နာရီတွင် ကရင်
ပြည်နယ် မြ၀တီမြို့ နယ် သေ့ဘောဘိုး ကျေးရွာ အုပ်စုရှိ ၀ါမီထ ကျေးရွာ၌ ကျင်းပ ခဲ့ပါသည်။

ထိုရှင်းလင်းပွဲသို့  ဒီကေဘီအေ ဌာနချုပ် အခြေခံ စခန်းဝန်းကျင်မှ ကျေးရွာ လူကြီးများ၊ စိတ်ဝင်စာ
းသည့် ရပ်မိရပ်ဖများ အင်အား (၃၀)ကျော် တက်ရောက် ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူဗိုလ်မှူး
စန်းအောင်ကဆိုပါသည်။

ဒီကေဘီအေ တပ်ဖွဲ့ ၏ အပစ်အခတ် ရပ်စဲရေးပေါ်လစီ အပေါ် လူထုများ၏ အကြံပြုချက်များမှာ
မိမိလက်နက် မိမိလက်ထဲတွင် ရှိရေး၊ လူထု အကျိုးစီးပွားအတွက် မျှော်ကိုးပြီး အပစ်အခတ် ရပ်စဲ
ရေးဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ထားရန် နှင့် အလိမ်မခံရစေရေးအတွက် ပြင်ဆင်ထားစေရန်
တို့ဖြစ်သည်။

ထိုရှင်းလင်းပွဲသို့ ၊ အမှတ်(၁၉)အုပ်စုဟု သတ်မှတ်ထားသော မြ၀တီမြို့ နယ်တောင်ဖက်ခြမ်းရှိ၊ ဆုံ
ဆည်းမြိုင်ကျေးရွာ၊ သေ့ဘောဘိုး၊ ဗလဲဒုကျေးရွာ၊ တောင်နီ၊ ဝေါလေ၊ အိုကေထ၊ ၀ါနီထ၊ တာ
အုတ်ထ၊ ကွီလောချု၊ တို့ ကျေးရွာမှ ကျေးရွာတာဝန်ရှိ သူများ တက်ရောက်ကြပါသည်။

အစိုးရတပ်ဖွဲ့ များ အခြေချထားသည့် သေ့ဘောပိုး၊ တောင်နီကျေးရွာ ဝေါလေကျေးရွာမျိုးမှ ကျေး
ရွာ ဥက္ကဌများသည်၊ အစိုးရ တပ်ဖွဲ့ထံ ကြိုတင် အကြောင်းပြီးမှ ၄င်းတို့၏ ခွင့်ပြုချက်ဖြင့် ဤရှင်း
လင်းပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါသည်။ ခွင့်ပြုချက်မရှိပါက အန္တရာယ်ကျ ရောက်နိုင် ပါသည်။

ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ နှင့် နအဖတို့သည်၊ ပြီးခဲ့သည့် နို
ဝင်ဘာ(၃) ရက်နေ့တွင် ကရင် ပြည်နယ်၊ ဖါးအံမြို့ ၌ အပစ်ခတ် ရပ်စဲရေးအတွက် နှစ်ဖက်စလုံးမှ
ကိုယ်စားလှယ် (၄) ဦးစီ လက်မှတ်ထိုးပြီး အတည်ပြုခဲ့ကြပါသည်။ ဤသဘောတူချက်၏ အသေး
စိပ် အချက်အလက်ကိုမူ နိုဝင်ဘာ (၆)ရက်နေ့တွင် ထုတ်ပြန်မည်ဟု ဒီကေဘီအေ ဖက်မှ
ဆိုပါသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ