Friday, November 25, 2011

နေရပ်ပြန် ရေဘေးဒုက္ခသည်များ အား မြန်မာရဲများ ငွေညစ်

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းကြောင်းဘက်
သို့ ပြန်လာကြသည့် ရေဘေး ဒုက္ခသည် မြန်မာအလုပ်သမားများသည် ဘုရားသုံးဆူမြို့ရှိ မြန်မာရဲ
များက ငွေညှစ်တောင်းယူမှုများနှင့် ကြုံတွေ့နေရသည်ဟု ရေဘေးဒုက္ခသည်များက ပြောသည်။

ပြီးခဲ့သည့်အပါတ်က ပြန်လာသည့် ဘန်
ကောက်မှမြန်မာအလုပ်သမားတစ်ဦးက
“ကျနော်ကဘုရားသုံးဆူမှာပဲ နေတာဆို
တော့ ပေးစ ရာ မလိုဘူး။ ကျနော့်နဲ့အ
တူ ပြန်လာတဲ့ တခြားနယ်ကလူတွေကျ
တော့ ပေးရတယ်။ ပထမကဘတ်၅၀၀
ပေးခိုင်းတယ်။ နောက်တော့ မပေးနိုင်
လို့ ၃၀၀၊ ၂၀၀လောက်ပဲ ပေးရတယ်။
”ဟုပြောသည်။ဘုရားသုံးဆူမြို့ရပ်ကွက်
(၃)မှ ကိုစိုးက “လမ်းစရိတ်လည်းမရှိ၊ တည်းခိုစရာနေရာလည်း မရှိသူတွေက ဓမ္မဟေ၀န်ဘုန်း
ကြီး ကျောင်းမှာ အယောက် ၁၀၊ ၂၀လောက် ပြန်လာအိပ်တယ်။ မိန်းကလေးကော၊ ယောက်ျား
လေးကော၊ ကလေးတွေကော အကုန်လုံးပါတယ်။ ထမင်းပြန်လာတောင်းစားတာပေါ့ဗျာ။ သူတို့
အမျိုးတွေကို မှာပြီးတော့ လာကြိုရတယ်ပေါ့။”ဟု ပြောသည်။

ဘန်ကောက်မြို့မှ ဘုရားသုံးဆူလမ်းကြောင်းတွင် ပြန်လာကြသည့် ရေဘေးဒုက္ခသည် မြန်မာအ
လုပ်သမား အများစုမှာ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံ၊ မော်လ
မြိုင်၊ ကျိုက်မရောမြို့နယ်များမှ ဖြစ်ကြပြီး နေ့စဉ် မြန်မာအ လုပ်သမားဦးရေ ၁၀၀မှ ၂၀၀အထိထို
လမ်းကြောင်းအတိုင်း နေရပ်သို့ ပြန်လာနေကြသည်။

ထို့အတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီဘက်တွင်လည်း ယခင်လက ဘန်ကောက်မှ ပြန်
လာသည့် ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားများကိုထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်မြန်မာဘက်
ကမ်း မြ၀တီဘက်မှ နယ်ခြားစောင့်အဖွဲ့များက ပူးပေါင်း ကာ ငွေညှစ်တောင်းခံမှုများ ရှိခဲ့သည်။

သို့သော် ထိုင်းနှင့် မြန်မာအာဏာပိုင်များက ၎င်းရေဘေးဒုက္ခသည်များကို အခမဲ့ ကူညီသွားရန်
ယခုလ ၃ရက်နေ့က သဘော တူလက်မှတ်ရေးထိုးပြီးနောက်ပိုင်း မြ၀တီဘက်တွင် မြန်မာအလုပ်
သမား များအပေါ် ငွေတောင်းခံမှုများ မရှိတော့ကြောင်း ပြော ဆိုနေကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ