Friday, November 25, 2011

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီကို ဖွဲ့လိုက်ပြီ

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)
က ငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီကို မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်တနေရာမှာ
ပြုလုပ်တဲ့ အစည်းအဝေး အတွင်း ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

နိုဝင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ပြုလုပ်ခဲ့သည့် KNU
၏ အရေးပေါ် အစည်းအဝေးတွင်အဖွဲ့ဝင် ၇ဦးပါသည့် အဆိုပါ
ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း
ဖြစ်သည်။အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒို
စောဒေးဗစ်သကဘော၊ ဒုဥက္ကဌအဖြစ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး
မူတူးစေး ဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်
ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူးချုပ် နော်
စီဖိုးရာစိန်၊ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးရောဂျာခင်သစ်တော
တာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌပဒိုစောအောင်
မော်အေးတို့ပါဝင်သည်။

ကေအန်ယူအထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းခြင်းနှင့်
ပါတ်သက်၍ ယခုလို ရှင်းပြပါသည်။ “ အခုလို ကော်မတီဖွဲ့စည်းတာက လက်ရှိအစိုးရက ငြိမ်းချမ်း
ရေးစကားကမ်လှမ်းလာရင် စကားပြောဖို့အတွက်ပဏာမအဆင့်အနေနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်။

ပြီးလို့ရှိရင်တော့ တိုင်းရင်းသားအားလုံးပါဝင်တဲ့ အဖွဲ့အနေနဲ့ ပါဝင်ဖို့လိုအပ်တယ်။ နိုင်ငံရေးပြသ
နာကို ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့အတွက် ဖြစ်တယ်။ ကရင့်တော်လှန်ရေးက နှစ်ပေါင်း (၆၀)
ကျော်ကြာဖြစ်တဲ့အတွက် တလအတွင်း တပါတ်အတွင်းတော့ ဖြေရှင်းလို့မရဘူး။ အချိန်ယူ ပြီး
ညှိုနှိုင်းဆွေးနွေးရမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေုးဖြစ်ဖို့လိုအပ်တယ်။”

အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံမည့် KNU ကိုယ်စားလှယ်အဖွဲ့နှင့်သွားရောက်မည့်နေ့ရက်များ
ကို ၎င်းအရေးပေါ် အစည်း အဝေးတွင် ရွေးချယ်သတ်မှတ်ခဲ့ခြင်း မရှိသေးသလို နေ့ရက်သတ်မှတ်
ခြင်းလည်း မရှိသေးဟု သိရသည်။

KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်မြောက် ညီလာခံမှ ချမှတ်ဆုံးဖြတ်ထား
သည့်အတိုင်း နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းအရ တစ်ဆင့်ချင်း ဖြေရှင်းသွားမည့်မူအပေါ်
တွင် လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု လည်း နော်စီဖိုးရာစိန်က ပြောသည်။

ယခုလို ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းခြင်းနှင့်ပါတ်သက်၍ ရွာသားတဦးက ၀မ်းသာကြောင်း၊ သို့
သော်လည်း ငြိမ်းချမ်းရေးမှာ ကျေးရွာတွေအထိ အကျိုးသက်ရောက်သည့် အမှန်တကယ်ငြိမ်းချမ်း
ရေးဖြစ်ဖို့လိုကြောင်း ပြောပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအစိုးရ
၏ ဗဟို ကိုယ်စားလှယ်များ နှင့် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့်အဖွဲ့တို့အ
ချိန် ၃နာရီကြာ ပဏာမ တွေ့ဆုံမှုပြုခဲ့သည်ဟု သိရ သည်။

၎င်းတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်း၊ တြိဂံတိုင်းမှူး(ငြိမ်း) ဗိုလ်မှူး
ချုပ်ချစ်သန်း၊ ပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦး
လှမောင်ရွှေနှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးငွေစိုး၊ ဦး တိုနီနှင့် ဦးကိုကိုမောင်တို့ ဇနီးမောင်နှံတို့
ပါဝင်ခဲ့ကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ