ပဲ ယခုအခါ ပီလီမှာ မက်ဆီအား အထင်သေးသောစကားလုံးများအပြင် white peleဟုတင်စား
ခံရသော မန်ယူတိုက်စစ်မှုး ရွန်းနီအပေါ်လည်း မှတ်ချက်ပေး စကားများ ပြောဆိုသွားကြောင်းဗြိ
တိန်အခြေစိုက် the sun မှ ဖော်ပြထားသည်။

ရွယ် ပီလီမှာလန်ဒန်သို့ရောက်ရှိနေစဉ် thesun
သို့ "ကျွန်တော် ရွန်းနီ ရဲ့ အသင်းအတွက်ရွပ်ရွပ်
ချွံချွံကစားပေးသူပါ။ သူုက နည်းစနစ်ပိုင်း သိပ်
အကောင်းကြီးမဟုတ်ပေမဲ့ သူ့ရဲ့လုပ်အားနှုန်း
ကတော့သူ့နှလုံးသားတစ်စုံလိုပါပဲ။သူကတကယ့်
ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ဒါပေမဲ့ သူ
က ကျွန်တော်နဲ့ သိပ်တော့ နှိုင်းယှဉ်လို့မရပါနိုင်
ပါဘူး။ ကျွန်တော်ကဂိုးပေါင်းမြောက်မြားစွာသွင်း
ယူနိုင်ခဲ့သူပါ။ ရွန်းနီကတော့ ဒီလိုသွင်းနိုင်ပါ့မ
လာဆိုတာ မသိနိုင်ပါဘူး" ဟုမှတ်ချက်ပေးပြော
ဆိုခဲ့သည်။ထို့ပြင် ပြီးခဲ့သည့်အချိန်များတွင် မက်
ဆီ နှင့် စကားလုံးတိုက်ပွဲများရှိခဲ့သူ ပီလီမှာ ထပ
်မံပြီး မက်ဆီအား ထပ်မံပြီး အဆိုပါအင်တာဗျူး
တွင် "ကြီးကျယ်တဲ့ကစားသမားတစ်ဦးဆိုတာ
ကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်နဲ့ပဲ ဆုံးဖြတ်ရပါ
လိမ့်မယ်။ ဥပမာအနေနဲ့ပြရမယ်ဆိုရင် မက်ဆီ
ကို ကြည့်ပါ။
မက်ဆီက ဘာစီလိုနာအတွက်ကစားပေးနေပါတယ်။ သူ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အာဂျင်
တီးနားအသင်းမှာတော့ သူက လုံးဝခြားနားသွားပါပြီ။ သူနဲ့ ဇီဒိန်း နဲ့ နှိုင်းယှဉ်ကြည့်ပါ။ ဇီဒိန်းက
ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့သလို ၁၅ နှစ်ကာလတစ်လျှောက် ထိပ်တန်းမှာရှိခဲ့ပါတယ်။ သူဟာမက်
ဆီထက် ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးပါ" ဟု ပြောကြားသွားခဲ့သည်။
No comments:
Post a Comment