Tuesday, November 15, 2011

စပါးရဲ့ တောင်ပံကစားသမား ဘေးလ်ကို ပေါင်သုံးဆယ့်ငါးသန်းနဲ့ ခေါ်ယူမယ်

စပိန်မှ မဟာအင်အားကြီး ဘာစီလိုနာအသင်းသည် စပါးအသင်း၏ ဘယ်တောင်ပံအကျော်အမော်
ဂါရတ်ဘေလ်အား ပေါင်သုံးဆယ့်ငါးသန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ဘာစီလိုနာ
အသင်း၏ ဘောလုံးကင်းထောက် တစ်ဦးဖြစ်သူ အဲလ်ဘတ်ဗယ်လင်တိုင်းသည် လွန်ခဲ့သောတနင်္ဂ
နွေနေ့က ဖူလ်ဟမ်အသင်းအား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည့် စပါးအသင်းမှ ဂါရတ်ဘေလ်၏
ခြေစွမ်းအား လာရောက်အကဲခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စပိန်သတင်းစာများ၏ ဖော်ပြ
ချက်များအရဘာစီလိုနာနည်း
ပြဂွာဒီယိုလာသည်၎င်းတောင်
ပံကစားသမားအားစတင်ကမ်း
လှမ်းရန် စီစဉ်နေသည်ဟု သိ
ရှိရသည်။ဝေးလ်ကစားသမား
ဘေလ်မှာ စပါးအသင်းနှင့် ၂၀
၁၅ နှစ်အထိသက်တမ်းတိုး
စာချုပ်တစ်ရပ်ကိုယခုနှစ်အ
စောပိုင်းက ချုပ်ဆိုထားခဲ့
သော ကစားသမားတစ်ဦးဖြစ်သော်လည်း စပါးအသင်းအနေဖြင့် ဥရောပချန်ပီယံလိဂ်ဝင်ခွင့်တစ်
နေရာရယူပေးနိုင်မည်ဟူသောစကားလုံးဖြင့် ဘေလ်အားထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ရာသီကုန်တွင် ဥရောပ ချန်ပီယံလိဂ် ၀င်ခွင့်ကိုသာ ဆုံးရှုံးခဲ့မည်ဆိုပါက ဘေလ်ကိုလဲ
ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူသော အခြေအနေတွင် ဘာစီလိုနာအသင်းက ကမ်းလှမ်း
ရန် စီစဉ်နေခြင်းဖြစ်သည်။

စပါးဥက္ကဌ လီဗိုင်းအနေဖြင့် သူတို့၏ ကွင်းလယ်ကစားသမား မိုဒရစ်ကို ရအောင်စည်းရုံးပြီးသည့်
နောက်ပိုင်းတွင် ဘေလ်ကိုလည်း ဘာကာလက်သို့ ပါမသွားအောင် စည်းရုံးနိုင်လိမ့်မည်ဟုစပါးပ
ရိတ်သတ်များက ယုံကြည်နေကြသည်။

ဘေလ်မှာ စပါးအသင်း၏ ဘယ်တောင်ပံ တိုက်စစ်တွင် ပါဝင်ခြေစွမ်းပြကစားနေသော်လည်း ဂွာဒီ
ယိုလာကမူ ဘေလ်ကို ဘယ်နောက်ခံ ကစားသမားနေရာအတွက် ရည်ရွယ်ကာ ခေါ်ယူလိုနေခြင်း
ဖြစ်သည်။ အသင်း၏ ဘဏ္ဍာရေးကို ထိန်းချုပ်လေ့ရှိသော ဘာစီလိုနာအသင်းနှင့် ဂွာဒီယိုလာ အ
နေဖြင့် ဘေလ်ကို ၀ယ်ယူနိုင်ရေးအတွက် မက်ဆီနှင့် အဆင်မပြေ ဖြစ်နေသည်ဆိုသော ဒေးဗစ်ဗီ
လာအား ရောင်းထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ