Monday, November 28, 2011

ဒုက္ခသည်စခန်းက လူငယ်တွေ မဲဆောက်မြို့မှာ ပန်းချီပြပွဲကျင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက လူငယ်တွေရဲ့ ပန်းချီကားတွေစုပြီး ကျွန်ုပ်တို့၏ဖြစ်တည်
မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလ၁၉ရက်နေ့က မဲဆောက်မြို့တနေရာမှာ ပန်းချီပြပွဲတခု ကျင်းပခဲ့ရာမှာ ပ
ရိဿတ်နှစ်ရာနီးပါး သွားရောက်ခဲ့ပါတယ်။

ဒီပန်းချီပြပွဲမှာ ၂၀၀ဘတ်က
နေ ၂.၀၀၀ဘတ်အထိ လက်
ရာနဲ့အညီပန်းချီကားတွေဈေး
သတ်မှတ်ထားပြီးတညအတွင်း
ပန်ချီကား ၁၈ကားရောင်းထွက်
သွားပါတယ်။ ဒီပွဲမှာ ဝင်ငွေစုစု
ပေါင်းတသောင်းလေးထောင်
ကျော်ရ ရှိခဲ့ပါတယ်။ဒီလိုပန်းချီ
ပြပွဲ ကျင်းပရတဲ့အကြောင်းမှာ
စခန်းထဲက လူငယ်တွေပန်းချီနဲ့
ပတ်သက်တဲ့အတတ်ပညာတွေဖော် ပြတာ ဖြစ်သလို ပြည်တွင်းပညာရေးအပိုင်းမှာ ရန်ပုံငွေရှာတဲ့
အပြင် မိမိတို့ရဲ့ ဘဝဖြတ်သန်းမှုတွေဖော်ပြနိုင်ဖို့ ကျင်းပတာဖြစ်တယ်လို့ စခန်းကပန်းချီ သင်တန်း
ဆရာ စောကော်စိုးစိုး ကပြောပါတယ်။

“ကျနော်တို့ ကရင်လူမျိုးတွေရဲ့ခံစားမှုတွေဖော်ပြဖို့ ပြီးတော့စခန်းကလူငယ်တွေရဲ့အတတ်ပညာ
လေးတွေကို ဖော်ပြဖို့ ဒီလိုပန်းကားကနေပြပြီးတော့ ကျနော်တို့ရဲ့ ဘဝဖြန်သန်းမှုကိုနိုင်ငံခြားသား
တွေ ပိုသိလာအောင် ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်”

အဲ့ဒီပန်းချီပြပွဲမှာ ပရိဿတ်စိတ်ဝင်စားတဲ့ အစီအစဉ်တခုကပရိဿတ်အရှေ့မှာခြောက်မိနစ်နဲ့ပန်း
ချီကားချပ်တစ်ကား အပြီး ရေးဆွဲပြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။

ပန်းချီကား နှစ်ခုဝယ်ယူတဲ့ ပရိဿတ်တစ်ယောက်က “ကျနော်တို့အရှေ့ မှာ ထိုင်ဆွဲတဲ့ အခန်းမှာ
အဲ့ဒီကလေးတစ်ယောက်လက်ရာကို ကျနော်အရမ်းကြိုက်တယ် သူပြောချင်တဲ့အဓိပါယ် တော့ ကျ
နော်နားမလည်ဘူး အဲ့ဒီပုံက သားအမိနှစ်ယောက်က လမ်းမှာဈေးရောင်းတဲ့ပုံလေးအဲ့ဒီပုံကိုကြည့်
ပြီး အတိတ်တွေကိုပြန်သတိရလာတယ်။”ပြည်တွင်းပညာရေးတွက် ရန်ပိုငွေလေးထောင်ကျော်ကို BI မြန်မာ့ရေးရာလှုပ်ရှားသူအဖွဲ့က အလှူ
ငွေ လက် ခံသွားပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ