Wednesday, November 30, 2011

ဖီဖါဥက္ကဌ ဘလတ္တာကို ရာထူးမှထွက်ပေးရန် ၀ိုင်းဝန်းဖိအားပေး..

လူမျိုးရေးခွဲခြားမှု ကိစ္စများ ဘောလုံးလောကတွင် မရှိကြောင်း၊ ရှိလာလျှင်လည်း ပွဲအပြီး ကစား
သမားချင်း လက်ဆွဲနုတ်ဆက်လိုက်သည်နှင့် အဆုံးသတ်ရမည်ဟု အရေးမကြီးသည့်ကိစ္စသဖွယ်
မှတ်ချက်ပေးခဲ့သူ ကမ္ဘာ့ဘောလုံးအ ဖွဲ့ချူပ် ဥက္ကဌ ဆပ်ဘလတ္တာကို တစ်ကမ္ဘာလုံးရှိ လူပုဂ္ဂိုလ်အ
သီးသီး၊ အဖွဲ့အစည်းအ သီးသီးက ၀ိုင်းဝန်း ဝေဖန်ခဲ့ကြပြီးနောက် ရာထူးမှ နုတ်ထွက်ပေးရန်အ
ထိ တောင်းဆိုမှုများ မြင့်မားလာချိန်တွင် ဗြိတိန် အစိုးရကပါ ပါဝင်လာပြီးနောက် ၀န်ကြီးချူပ်ဒေး
ဗစ်ကင်မရွန်း နှင့် အားကစားရေးရာ ၀န်ကြီး Hugh Robertson ကပါ ကမ္ဘာ့ဘောလုံး အဖွဲ့ချူပ်
ဥက္ကဌ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုလာခဲ့ပြီ ဖြစ်သည်။

လူမျိုးရေးခွဲခြားမှုကို အရေး
မကြီးသလို လက်လွတ်စပယ်
ပြောဆိုခဲ့သော ဘလတ္တာ၏
မှတ်ချက်စကားကြောင့်ဘော
လုံးအဖွဲ့ချူပ်ထံပေးထား
သော စပွန်ဆာစာချူပ်များကို
ဖျက်သိမ်းတော့မည့်ကုမ္မဏီ
ပေါင်း များစွာ ပေါ်ပေါက်လာ
ခဲ့သလို အာရပ် ကုမ္မဏီကြီးတစ်ခုဖြစ်သောအီးမရိတ်လေကြောင်းလိုင်းကလည်း၂၀၁၄ခုနှစ်အထိ
ပေးထားသော ပေါင် ၁၂၂ သန်းတန် စပွန်ဆာ စာချူပ်ကို နောက်ထပ်သက်တမ်းတိုးမြှင့်တော့မည်
မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အီးမရိတ် ကုမ္မဏီမှာ ဖီဖါ၏ တရားဝင် ၆ ခုမြောက် စီးပွါးရေးဖက် ကုမ္မဏီဖြစ်သည်။ "အီးမရိတ်
ကုမ္မဏီဟာ ဖီဖါနဲ့ နီးကပ်တဲ့ ဆက်ဆံရေးထားရှိပြီး ၂၀၁၄ ခုနှစ်အပြီးမှာ စီးပွါးရေး စပွန်ဆာ စာ
ချူပ်ကို သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ အခုတော့ အဲ့ဒီလို ဆွေးနွေးမှုတွေကို
ရပ်တန့်ပါတော့မယ်။" ဟု အီးမရိတ် ကုမ္မဏီ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

ဒူဘိုင်း အခြေစိုက် လေကြောင်းလိုင်း ကုမ္မဏီ အီးမရိတ်၏ ဒုတိယ ဥက္ကဌကလည်း "၂၀၁၄ အပြီး
ဖီဖါနဲ့ အလုပ်ဆက်မလုပ်ဖို့ ကျွန်တော်တို့တွေ ဆန္ဒပြင်းပြနေပါတယ်။ ဖီဖါအတွင်းမှာပြဿနာတွေ
ကြီးထွား လာနေတာဟာ အလုပ်အကိုင်အခွင့်အလမ်း အတွက်ကောင်းမွန်တဲ့ အနေအထားတွေ
မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။

ဖီဖါ၏ လက်ကျန် စီးပွါးဖက် ကုမ္မဏီ ငါးခု ဖြစ်သော Adidas, Hyundai, Coca-Cola, Visa,Sony
တို့ကလည်း ဘလတ္တာ၏ မှတ်ချက်စကားကိုဆန့်ကျင်ခဲ့ကြသည်။မကြာမီအတော်အတွင်းမည်သို့
သော ပုံစံဖြင့် ဆန့်ကျင်မည်ကို ထုတ်ဖေါ်လာဖွယ် ရှိနေသည်။

ဘလတ္တာ၏ မှတ်ချက် ထွက်ပေါ်လာပြီးနောက် ယူနိုက်တက်အသင်း နောက်ခံလူ ရီယိုဖါဒီနန်က
လည်း လူမှုဆက်သွယ်ရေး ကွန်ယက် တွဒ်တာမှတဆင့် ဝေဖန်ခဲ့သည်။

"လူမျိုးရေးခွဲခြားမှုကို ဘောလုံးလောကအတွင်းကနေ ထုတ်ဖယ်ဖို့ မဆန့်ကျင်တဲ့ ဘလတ္တာအနေ
နဲ့ အခြားသူတွေနဲ့ ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။ အမျိုးသမီးအားလုံး၊ မိန်းမလျှာ အစုအဖွဲ့
တွေနဲ့ ပြည်သူတွေ အားလုံးက ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုတွေ မရှိသင့်ဘူးလို့ ဆန့်
ကျင်နေတာပါ။ အကယ်၍ခင်ဗျားအနေနဲ့လူမျိုးရေးခွဲခြားမှုပပျောက်စေချင်တယ်ဆိုရင်အကောင်း
ဆုံးနေရာက ဘောလုံးကွင်း မြက်ခင်းပေါ်ကနေစတင်ဖို့ပါပဲ။ အဲ့ဒီနေရာဟာလူသန်းပေါင်းများစွာ
ပျော်ရွှင်နှစ်သက်တဲ့နေရာပါပဲ။" ဟု ဖါဒီနန်က ရေးသားခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ