Sunday, November 6, 2011

အိုးထရက်ဖို့ထ် ကွင်းမြောက်ဘက် ပွဲကြည့်စဉ် ဆာအဲလက်စ်ဖာဂူဆန်ဟု အမည်ပြောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းအသင်း၏ မန်နေဂျာ အဖြစ်သက်တမ်း (၂၅)နှစ်
ပြည့်မြောက်ခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်အား ဂုဏ်ပြုသောအားဖြင့် အိုးထရက်ဖို့ထ်ကွင်းကြီး
၏ မြောက်ဘက် ပွဲကြည့်စဉ်အား သူ၏ အမည်ဖြင့် ပြောင်းလဲ ခေါ်ဆိုစေခဲ့သည်။ ထိုသို့ လူတစ်ဦး
တစ်ယောက်၏ အမည်အား ပွဲကြည့်စင် တစ်ခုအား ပြောင်းလဲခေါ်ဆိုစေခဲ့ခြင်းသည်အဆိုပါကွင်း
ကြီး၏ ၁၀၁ နှစ်သက်တမ်းတွင် ပထမဦးဆုံး အကြိမ်ပင်ဖြစ်သည်။

အိုးထရက်ဖို့ထ် ကွင်းမြောက်
ဘက်ပွဲကြည့်စဉ်ဆာအဲလက်စ်
ဖာဂူဆန်ဟုအမည်ပြောင်းအိုး
ထရက်ဖို့ထ်ကွင်းမြောက်ဘက်
ပွဲကြည့်စဉ်ဆာအဲလက်စ်ဖာဂူဆန်ဟု အမည်ပြောင်းမန်ချက်စတာယူနိုက်တက်အသင်းအား၁၉၈၆ခု
နှစ် နိုဝင်ဘာလ၆ရက်နေ့တွင် စတင်တာဝန်ယူခဲ့သည့် အဆိုပါ စကော့တလန်သားကြီးအား ဂုဏ်ပြု
သည့် အခမ်းအနားကို ဆန်းဒါးလန်းနှင့်ယှဉ်ပြိုင် ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မှီတွင်ပြုလုပ်
ခဲ့သည်။ အဆိုပါ ပြိုင်ပွဲမစမှီဆာအဲလက်စ်သည်နှစ်ဘက်အသင်းသားများနှင့်သူ၏လက်အောက်တွင်
(၉)နှစ်ကြာ ကစားခဲ့ဖူးသောကြောင်နက်အသင်း နည်းပြစတိဖ်ဘရုစ်တို့ တစ်ဖက်တစ်ချက်မှတန်းစီး
ကာလုပ်ခုပ်တီးနေသည့်လူတန်းအား ဖြတ်ကျော်ပြီးအိုးထရက်ဖို့ထ်မြတ်ခင်းပြင်သို့ ၀င်ရောက်လာခဲ့
သည်။

ထိုအချိန်တွင် ပွဲကြည့်စဉ်ပေါ်ရှိ ပရိသတ်အားလုံးကလည်း ငွေရတုပြည့်မြောက်သည့် နည်းပြကြီး
အား မက်တက်ရပ် လက်ခုပ်တီး ဂုဏ်ပြုခဲ့သလိုဆာအဲလက်စ်ဖာဂူဆန်ပွဲကြည့်စင်ဟုအမည်သစ်
ရေးထိုးထားသည့် စာလုံးများအား ဖုံးအုပ်ထားသည့် အ၀တ်များအား ဖယ်ရှားခဲ့ကြသည်။

ထို့နောက် မန်ယူနည်းပြကြီးက ပရိသတ်များအား မိန့်ခွန်းပြောကြားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး က
လပ်အသင်းအတွက်အလုပ်လုပ်ရခြင်းအတွက်သူ၏ဂုဏ်ယူဝမ်းမြောက်မှုအားထုတ်ဖေါ်ပြောကြား
သွားခဲ့သည်။
မန်ယူအသင်းသည် အဆိုပါ နည်းပြကြီး၏ အမည်ရေးထိုးထားသည့် ပွဲကြည့်စဉ်၏ အပြင် သူ၏ပုံတူရုပ်ထုကို ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ထုအား လာမည့် ရာသီသစ် စတင်ချိန်မတိုင်မှီတွင် ဖွင့်လှစ်သွားနိုင်မည်ဟု မျှော်လင့်ရသည်။

ဆာအဲလက်စ်ဖာဂူဆန်သည် မန်ယူအသင်းအား အိပ်ပျော်နေသော ဘီလူးကြီးအဆင့်မှ အင်္ဂလန်
ဘောလုံးသမိုင်း၏ အကောင်မြင်ဆုံး ကလပ်ဖြစ်အောင် ဦးဆောင်မှုပေးနိုင်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ