Saturday, November 5, 2011

မယ်ရာမိုစခန်းမှာ ပထမဆန်း စာပေးပွဲအပြီး ကျောင်းပိတ်ရက်မရှိ

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် သူမွဲမြို့နယ်ရှိ မယ်ရာမိုဒုက္ခသည်စန်းမှ ကျောင်းတွေ ပထမဆန်း
စာမေးပွဲ အပြီးမှာ ကျောင်သားတွေအတွက် ကျောင်းပိတ်ရက်မရှိဘူးလို့ မယ်ရာမိုစခန်းမှ အမှတ်
(၁)အလယ်တန်း ကျောင်းအုပ် ဆရာမူတောက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းက မယ်ရာမိုစခန်းမှာ ရေလွှမ်းမိုးပြီး ကျောင်းနှစ်ပတ် ပိတ်လိုက်ရတဲ့အတွက်
ကေအီးဒီ ကရင် ပညာရေးဌာနမှာ ချမှထားတဲ့ ကျောင်းစာသင် ခန်းတွေ ပျက်ကုန်လို့ ပထမဆန်း
စာမေးပွဲ အပြီးမှာ ကျောင်းပိတ်ရက် မရှိပဲ အစားထိုးကျောင်း ပြန်တက်ဖို့ စခန်းပညာရေးကော်မ
တီတွေ ညွန်ကြားတာဖြစ်တယ်လို့ သူဆက်ပြော ပါတယ်။

“အမှန်ဆို ပထမဆန်းစာ
မေးပွဲအပြီးမှာ ကျောင်း
ပိတ်ရက်ရှိတယ် ဒါပေ
မယ့် ဒီလို အခြေအနေရှိ
လို့ ကျောင်းပိတ်ရက်မ
ပေးတော့ဘူး ပြီးတော့
သိပ်အရေးမကြီးတဲ့ နေ့
ထူးနေ့မြတ်တွေလည်း
ကျောင်းမပိတ်လိုဘူး အ
ချိန်ပိုတွေပါခေါ်နေရ
တယ်”

သြဂုတ်လ ၁၈ရက်နေ့က ကျင်းပ ရမယ့် ပထမစာမေးပွဲ စက်တင်ဘာလ ၅ရက်နေ့မှ ကျင်းပပြီး
လက်လှမ်းမီသ လောက် ကျောင်းသင်ခန်းစာအထဲကပဲ မေးခွန်းထုပ်ပြီး ကျင်းပရကာ ကျန်ရှိနေ
သေးတဲ့ သင်ခန်းစာတွေကို ကျောင်းပိတ်ရက်အစား သင်ကြားရမှာ ဖြစ်ပါတယ်။

မယ်ရာမိုစခန်းမှ ကျောင်းပိတ်ရက်တွေမှာ ကျောင်းသူကျောင်းသားတွေ အများအားဖြစ် နေ့စား
အ လုပ်တွေလိုက် လုပ်တယ်၊ ဘာသာရေးအပိုင်းမှာ ပိုမိုလုပ်လာတယ်နဲ့ စခန်းအနီးရှိ အသိတွေ
ဆီမှာ လိုက်လှည် တာများ တယ်လို့ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ