Sunday, November 20, 2011

!ဘ၀ကို အရှုံးမပေးသည့် (၇)နှစ်သမီး ဘောလုံးမယ်လေး

ဗြိတိန်နိုင်ငံမှ အသက်(၇)နှစ်အရွယ် မိန်းကလေး အီလီချဲလစ်သည် ဘ၀ပေး ကုသိုလ် နုံချာ အား
နည်းသူလေး ဖြစ်သော်လည်း ဘောလုံးကို ၀ါသနာ ပါသည့် သူမ၏ ဆန္ဒကိုမူ ဖြစ်မြောက်အောင်
အကောင်းဆုံး ကြိုးစား နိုင်ခဲ့သည်။

သနားစဖွယ်မိန်းကလေးချဲ
လစ်သည် ခြေထောက်ရော၊
လက်များပါမရှိရှာသောမ
သန်စွမ်းသူလေးဖြစ်သည်။
သို့သော်လည်း သူမ၏ မ
ဆုတ်မနစ် ကြိုးစားမှု
ကြောင့် ယခုအခါကျောင်း
၏ မိန်းကလေးဘောလုံး
အသင်းတွင် ပါဝင်ခွင့် ရ
နေပြီ ဖြစ်သည်။ အထူး
ပြုလုပ် ဖန်တီးထားသော ခြေတုများကသူမ၏ ဘောလုံး ၀ါသနာ အတွက် အထောက်အကူ
ကောင်းများ ပေးအပ်နိုင်ခဲ့သည်။အဆိုပါခြေတုမျိုးကို တောင်အာဖရိက အပြေးသမား အော်စကာ
ပစ်စတိုရီးရက်စ်လည်း အသုံး ပြုခဲ့သည်။

သမီးအတွက် ဂုဏ်ယူနေသည့် မိခင်ဖြစ်သူ လီဆာက “ဒီလို မြင်ကွင်းမျိုး မြင်ရမယ်လို့ ကျွန်မတို့
အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ကျွန်မရဲ့ သမီးလေးက ဘောလုံး ကစားနေပါပြီ။ ခုဆိုရင်သူဟာ
လူတွေရဲ့ ဂရုတစိုက် ချီးကျူးရသူလေး ဖြစ်လာခဲ့ပါပြီ”ဟု The Sun သတင်းစာသို့ ပြောကြားခဲ့
သည်။

ချဲလစ်သည် (၂၀၀၅)ခုနှစ်က ဦးနှောက် အမြှေးရောင် ရောဂါအတွက် အသက်လု ခွဲစိတ်မှုတစ်ခုအ
တွင်း ခြေလက် လေးချောင်းလုံးကို ဖြတ်တောက်ခဲ့ရသည်။ သူမသည် ထိုစဉ်က သွေးဆိပ်တက်
ဝေဒနာကိုပါ ခံစား နေရခြင်းကြောင့် ဆရာဝန်များ အနေနှင့် ခြေလက်များအားလုံးကိုဖြတ်တောက်
ခြင်းမှ လွဲပြီး အခြားရွေးစရာ လမ်းမရှိတော့ပေ။

ချဲလစ်အတွက် ကံကောင်းသည်မှာ အမြွှာညီအစ်မ ဆိုဖီနှင့် မိသားစုများက သူမကို အပြည့်အဝ
ထောက်ပံ့ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် သာမန်ခြေတုများ တပ်ဆင်ပါက နာကျင်သည့်အ
တွက် အထူး တီထွင်ထားသည့် ပေါ့ပါးသော ခြေတုများကို တပ်ဆင်ခဲ့ရသည်။ အဆိုပါ ခြေတုများ
ကို ဗြိတိန်ရှိ Dorset Orthopaedics က ထုတ်လုပ်ပြီး ကာဘွန်ဖိုင်ဘာကို အသုံးပြု ဖန်တီးထားကာ
ပေါင်စတာလင် တစ်သောင်းမျှ ကျသင့်ကြောင်း သိရသည်။

အက်ဆက်စ်တင် နေထိုင်သော ချဲလစ်လေးသည် ယခုအခါ အန်ဂျနီ မူလတန်းကျောင်းတွင် ဂုဏ်
ယူ ၀င့်ကြွားသော ဘောလုံး အားကစားမယ်လေး အဖြစ် ရပ်တည် နေနိုင်ပြီဖြစ်ကြောင်း သိရှိရ
သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ