Sunday, November 20, 2011

ချယ်လ်ဆီး ပရိသတ်တွေအပေါ် ကျွန်တော် အကြွေးတင်နေပါတယ်

ချယ်လ်ဆီးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်းသို့ ရောက်စအချိန်တွင် ၎င်းကြုံတွေ့ခဲ့ရသည့်
အခက်အခဲများအား ထောက်ခံအားပေးခဲ့ကြသော အသင်းပရိသတ်များအား ပြန်လည်ပေးဆပ်ရန်
ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

""ဒါတွေအားလုံးကကျွန်တော်
လုပ်ဖို့လိုအပ်တဲ့အရာတွေဖြစ်
ပါတယ်၊ ပရိသတ်တွေကို ပြန်
လည်ပေးဆပ်ဖို့ထက် အရေး
ကြီးတဲ့ အရာဘာမှ မရှိပါဘူး။
" ဟုသူက Daily Mirrorသ
တင်းစာသို့ ပြောခဲ့သည်။"တစ်
ကယ်လို့ခင်ဗျားလုပ်တဲ့အလုပ်
တွေက အလုပ်ပြီးမြောက်မှု မ
ရှိဘူးဆိုရင် ဒီထက် ခင်ဗျား
ရှက်ရမယ့် ကိစ္စမရှိတော့ပါဘူး"။

တောရက်စ်သည် လီဗာပူးလ် အသင်းမှ ပေါင်သန်း(၅၀)ဖြင့် ဇန္န၀ါရီဈေးကွက်ဖွင့်ချိန်တွင် ရောက်ရှိ
လာခဲ့ပြီးနောက် ယခုချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်တွင် (၃)ဂိုးသာသွင်းယူပေး
နိုင်ခဲ့သော်လည်း သူ၏ အကောင်းဆုံး ပုံစံပြန်လည် ရရှိအောင် ကြိုးစားလျှက်ရှိနေပြီး ဘယ်တော့မှ
အရှုံးပေးသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"ချယ်လ်ဆီး ပရိသတ်တွေအပေါ် ကျွန်တော် အကြွေးတင်နေပါတယ်၊ သူတို့ကျွန်တော့ကိုအမြဲတမ်း
ထောက်ခံအားပေးခဲ့ကြပါတယ်။" ဟုတောရက်စ်က ပြောခဲ့သည်။ "ကျွန်တော်သူတို့ကို ကတိတစ်ခ
ုပေးထားပါတယ်၊ အဲဒါကတော့ အရှုံးပေးတဲ့ အလုပ်ကို ကျွန်တော့ဘ၀မှာ ဘယ်တော့မှ မလုပ်ဖူးခဲ့
သလို ဘယ်တော့မှလည်း လုပ်သွားမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်"။

အဆိုပါ စပိန်လက်ရွေးစင်သည် ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းခဲ့ပြီးနောက် မိနစ်ပေါင်း(၉၀၃)မိနစ်
တိတိ ဂိုးမသွင်းနိုင်ပဲ ဖြတ်သန်းခဲ့ရပြီး ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်(၈)ပွဲ ကစားခဲ့ပြီး
နောက် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

နောက်ဆုံးအနေဖြင့် သူ၏ အကောင်းဆုံး ခြေစွမ်းအား ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ကြောင်း
ထုတ်ဖေါ်ပြောကြားခဲ့သည်။"ဘယ်လိုနေရာသစ်ကိုပဲ ခင်ဗျားသွားခဲ့သည် ဖြစ်စေ၊ ခင်ဗျားအနေနဲ့ အ
ခက်အခဲတွေ ကြုံတွေ့ရမယ်ဆိုတာ မျှော်လင့်ထားရမှာပါ။" ဟုသူကပြောခဲ့သည်။

ကြုံတွေခဲ့ရတဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုကြည့်ပြီး 'င့ါရဲ့ အကောင်းဆုံး အ
ဆင့်ကို ငါပြန်သွားနိုင်တယ်၊ ဒါအမှန်ပဲ' လို့ကျွန်တော်ပြောလေ့ရှိပါတယ်"။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ