Monday, November 14, 2011

အုန်းဖြနစခန်း တရားသူကြီး အဖွဲ့ နုတ်ထွက်

ထိုင်းနိုင်ငံ တာခ်ခရိုင်အတွင်းရှိ အုန်းဖြန်ကရင်ဒုက္ခသည်စခန်က စခန်းတရားရေးဆိုင်ရာအဖွဲ့တွေ
အလုပ်ကနေ နုတ်ထွက်စာတင်လိုက်ပါတယ်လို့ စခန်းရေးရာမှူး စောကလယ်ထူးကပြောပါတယ်။

စခန်းတရားရေးကိုအကြုံပြုပု
ဂ္ဂိုလ်အနေနဲ့ကုလသမဂ္ဂကတာ
ဝန်ပေးထားတဲ့ လူတွေနဲ့ဆင်မ
ပြေလို့လွန်ခဲ့တဲ့လကုန်ပိုင်းမှာ
နုတ်ထွက်စာတင်တာဖြစ်တယ်
လို့သတင်းထွက်ပေမယ့်စခန်း
ကတရားသူကြီးဆရာမ
ဘောက်ညော က တော့ကရင်
အမျိုးသမီးအဖွဲ့မှာလည်းတာ
ဝန်ယူပြီးအလုပ်များတဲ့အပြင်
တရားရေးအလုပ်အပေါ် မ
ကျွမ်းကျင်တာမို့ နုတ်ထွက်စာ
တင်တာဖြစ်တယ်လို့ သူမက
ပြောပါတယ်။

“တရားဆိုင်ရာအလုပ်က အလုပ်က အရမ်းအရေးကြီးတယ်လေ ကျမတို့ကအဆင့်ရှိတဲ့ကျောင်းက
အောင်လာ တာမဟုတ်တော့ ကိစ္စတခုခုဆုံးဖြတ်တဲ့အခါ အခက်အခဲဖြစ်လာမှာလည်းဆိုးတယ်။အ
ရင်ကတော့ ဘာမှမဖြစ် ဘူး အခုမှ စခန်းမှာဝင်လာတဲ့အဖွဲ့တွေများပြီးလူများထက်ကိုယ်ကမတတ်
တော့ ဒီတာဝန်ကို ထမ်ဆောင်ရတာ အရမ်းလေးသလိုပဲခံစားရတယ်”

အုန်းဖြန်စခန်းက တရားရေးတာဝန်ရှိသူတွေက ဆရာမ ဘောက်ညော၊ စောဖားဒါးနဲ့ဆရာလှထွေး
တို့ဖြစ်ပြီး နုတ်ထွက်စာ တင်ကတည်းက အလုပ်မဆင်းတော့ပါဘူးကရင်ဒုက္ခသည်ကော်မတီကေ
အာစီကတော့ သူတို့အလုပ်ကနေ မထွက်စေချင်ဘူး။

ဆရာမဘောက်ညောနဲ့ စခန်းတရားရေးအဖွဲ့ဝင်တို့ကအလုပ်သက်တန်းအနည်းဆုံးနှစ်နှစ်ကျော်ရှိ
ပြီ လို့သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ