ပါးကြီးမြွေ (Burmese Python )လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လအင်
ဆန် (Aung La Nsang)ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်း
ရင်းသားတဦး ဖြစ်ပါတယ်။
တက်တူး (Tattoo)ရေးထိုးထားတဲ့ MMA မက်ဒယ်
လ် ဝိတ်တန်းရှင် အောင်လဟာ ရတနာ လုပ်ငန်းရှင်
အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန်နန်ဘူ
တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက်သား
ရတနာပါ။
အတန်းပညာကို ရန်ကုန် International School မှာ
တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန်
၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင်အခြေချ နေ
ထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊အင်ဒရူး
တက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ ရ
ရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာ
လ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ် ပွဲတွေ
မှာ ယှဉ်ပြိုင်ထိုးသတ်နေခဲ့ပြီး ကြေးစားလက်ဝှေ့
လောကထဲ ဝင်ရောက် လာသူပါ။
အရပ် ၆ ပေ ၁ လက်မ နဲ့ ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လ ဟာ အမေရိကားမှာ လူ
သိများတဲ့ MMA ( Mixed Martial Art ) လို့ ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး နယ်ပယ်
မှာ ဝင်ရောက် ကစားနေခဲ့တာ အခုဆို သက်တမ်း ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အောင်လ
ရဲ့ အားကစား ရာဇဝင်ဟာ ဂျူဒိုလို ချုပ်ကစားတဲ့No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား
ဘဝ ၂၀၀၅ ခုနှစ်မှာ စတင်ကစားရာ ကနေ Martial Art ကို ကူးပြောင်းလာသူပါ။
သူဟာ အမေရိကန်တွေက ဘီဂျေဂျေ (B.J.J)လို့ ခေါ်တဲ့ ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်
လာတဲ့ ဘရာဇီးလီ ယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu)ကို လေ့ကျင့်ခဲ့တာ လေးနှစ်ကျော် ရှိခဲ့ပြီး၊
ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai)ကို လိုက်စားခဲ့တာလည်း သုံးနှစ်ကျော်ရှိပြီလို့ သိရပါ
တယ်။ ယခုအချိန်မှာ အောင်လ ဟာ MMA Professional အဖြစ် ပြိုင်ပွဲဝင် ထိုးသတ်နေသူ ဖြစ်ပြီး၊
ပရော်ဖက်ရှင်နယ် ကြေးစား လောကမှတ်တမ်း ကတော့ သူ ထိုးသတ်ခဲ့တဲ့ ပွဲစဉ် အလိုက် ၈-၅-ဝ
(Win-Loss-Draw) လို့ မှတ်တမ်းပြုထားခြင်း ခံရသူပါ။
၂၀၀၈ ခုနှစ်မှာ မေရီလန်င်းပြည်နယ် (Maryland) ဘော်လ်တီမိုးလ်မြို့ ကို ပြောင်းရွှေ့လာခဲ့ပြီး
ဘရာဇီးလီယမ်း Crazy 88 လို့ အမည်ရတဲ့ MMA ကလပ်အသင်းတခုမှာ ဝင်ရောက် လေ့ကျင့်နေ
ခဲ့ပါတယ်။ သူအားသန်တဲ့ ဂျူဂျစ်ဆု ၊ မွေထိုင်း တိုက်ကွက်တွေနဲ့ ပရိုလောက ကို ဝင်ရောက်လာခဲ့တဲ့
အောင်လ ဟာ ၂၀၀၅ ခုနှစ် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ၃ပွဲ ဆက်
တိုက် အနိုင်ရလာပါတယ်။
No comments:
Post a Comment