နယ်စပ် လူသား ချင်းစာနာမှု ထောက်ပံ့ရေးညွန့်ပေါင်းအသင်းက လာမယ့် ၂၀၁၂မှာ ဒုက္ခသည်
တွေအတွက် ရိက္ခာ ထပ်မံ လျော့ချမယ်လို့ တီဘီ ဘီစီ အကြီးအကဲ ဆရာမါးလ်က ပြောပါတယ်။

ဆယ့်ငါးရာခိုင်နုန်းမြင့်တက်
လာပြီး သူတို့ရဲ့ထောက်ပံ့ငွေ
ပမာဏနဲ့အညီရေရှည်
ထောက်ပံ့နိုင်ဖို့ဒုက္ခသည်တွေ
အတွက်ဆန်တစ်ဆယ်ရာခိုင်
နူန်းကျော်ကျော်လျော့လိုက်
တဲ့အပြင် တခြားစားသုံးကုန်တွေလည်းလျော့လိုက်ရတယ်လို့ ဆရာ မါးလ်ဆက်ပြောပါတယ်။
“၂၀၁၂အတွက် ထောက်ပံ့မှုတွေ လုံလောက်စွာမပေးနိုင်ဘူးဆိုတာကြိုသိလို့ ၂၀၁၁ကတည်းက
ရိက္ခာလျော့ ထားတယ်။ အဲ့ဒီအတွက် ၂၀၁၂မှာ ရိက္ခာမလျော့တော့ဘူးလို့ စိတ်ကူးထားတယ် ဒါ
ပေမယ့် ဒီနှစ်ကအထူးသဖြင့်ဆန်ဈေးနူန်းတွေမြင့်တက်လာတော့ကျနော်တို့ထပ်လျော့ရပြန်ရော
”တီဘီဘီစီနဲ့ပတ်သက်တဲ့ ရိက္ခာထောက်ပံ့မှုတွေ ၂၀၁၂အတွက် ၁၂ရာခိုင်နူန်းလျော့ချမှာဖြစ်ပေ
မယ့် သန်မာလူ မဟုတ်ပဲ အဟာရချို့တဲ့သူတွေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ရိက္ခာမ
လျော့တဲ့အပြင် ဒုက္ခသည်တွေအတွက် အရင်နှစ် တွေထက် အရေအသွေးပိုကောင်းတဲ့ဆန်တွေ
ကိုသာ ထောက်ပံ့ပေးမှာဖြစ်တယ်လို့သူဆက်ပြောပါတယ်။
လာမယ့်၂၀၁၂မှာ ဆန်ကို ၂၀၁၁မှာ လူကြီးတစ်ယောက် ၁၃ကီလိုဝက်မှာ ၁၂ကီလိုအထိလျော့
လိုက်ရသလို ငါးပိက ၇၅၀ဂရမ်ကနေ ၅၀၀ဂရမ်၊ စားသုံးဆီက တစ်လီတာကနေ လီတာဝက်၊ဂျူံ
မှုန့်က တစ်ဆယ့်ရှစ် နှစ် အောက် ကလေးတွေပဲပေးတော့မှာဖြစ်ပြီး တခြား ထောင့်ပံ့မှုတွေတော့
လျော့သွားမှာမဟုတ်ဘူးလို့ တာဝန်ရှိသူကပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်ကိုးခုမှ လူဦးရေ၁၄၁.၈၉၀ကိုကူညီထောက်ပံ့တယ်လို့ စက်တင်
ဘာလနောက် ဆုံးစာရင်းမှာ ဖောပြထားပြီး ဒုက္ခသည်စခန်းတည်ရှိသ၍ ဒုက္ခသည်တွေကို ဆက်
လက်ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ တီဘီဘီစီကပြောပါတယ်။
No comments:
Post a Comment