ဟာ ဘာစီလိုနာအသင်း ဘယ်လိုကစားတယ်ဆိုတာကို လေ့လာဖို့ လုပ်ကို လုပ်ရပါမယ်လို့ ဥရော
ပချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆွတ်ခူးဖူးသည့် ဗန်ဒါဆာက ပြောကြားလိုက်သည်။

ကြီးသည်အနာဂတ်မှာဘာကာ
အသင်းကိုအနိုင်ယူဖို့မန်ယူဟာ
ကြိုးစားမယ်ဆိုရင် စံနစ်တကျ
နဲ့ အစီအစဉ်တွေကိုကြိုတင်ပြု
လုပ်စဉ်းစားထားရမည်ဖြစ်
ကြောင်းဆက်လက် ပြောသွား
ခဲ့သည်။“ကျွန်တော်တိုဟာတစ်
ဦးချင်းအပြောနဲ့ပြောရရင်ဘော
လုံးကိုင်တွယ်တဲ့နေရာမှာ ဒီ
ထက်ပိုပြီးလုပ်ဖို့လိုနေပါတယ်။
အချိန်အကြာကြီး ဆွဲကစားဖို့မဟုတ်ပါဘူး။ ဘောလုံး ထိန်းသိမ်းဖြန့်ဝေတဲ့အပိုင်းမှာ ကျွန်တော်တို့
ကွင်းလယ်ဟာ လိုအပ်မှုတွေ ရှိနေပါတယ်။ တကယ်လို့သာ အဲဒီအချက်ကို လုပ်လိုက်နိုင်မယ်ဆိုရင်
သေချာပါတယ် ဘာကာကို ဒီနှစ် ကျွန်တော်တို့ နိုင်ပါပြီ”
“ဘာစီလိုနာကို ရင်ဆိုင်ခဲ့ရတဲ့ ဒီနှစ် ဖိုင်နယ်မှာ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။မျှော်လင့်ရတာ
တော့ ဒီရာသီမှာ ကျွန်တော်တို့ တိုးတက်မယ်ပေါ့”ဟု ပြောသွားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ဂိုးသမားကြီးသည် မန်ချက်စတာယူနိုက်တက်နှင့် ခြောက်နှစ်တာမျှ ကုန်
ဆုံးခဲ့ပြီး ၄င်း၏ နေရာကို စပိန်သားလေး ဒေးဗစ်ဒီဂေးမှ အစားထိုးဝင်ရောက်ကစားလျက်ရှိနေခဲ့
သည်။
အင်္ဂလိပ်ဘောလုံးလောကသို့ စတင်ခြေချစဉ်က ကတုန်ကယင် ခနော်ခနဲ့ဖြင့် စတင်ခဲ့ပြီးအသက်
၂၁ နှစ်အရွယ်ရောက်မှသာ တဖြည်းဖြည်းချင်း ယုံကြည်မှု ရလာခဲ့ကြောင်း ၄င်းကဲ့သို့ပင် ဒီဂေး
သည်လည်း တိုးတက်လာမှာဖြစ်ကြောင်း ဗန်ဒါဆာက ဆက်လက် ပြောသွားခဲ့သည်။
“ကျွန်တော့်အထင်တော့ သူဟာ တော်ပြီးသားပါ။ ဒီအသင်းရောက်တာအစောကြီးရှိပါသေးတယ်။
သူမှာ တိုးတက်လာဖို့ အချိန်တွေ ရှိနေပါသေးတယ်”
No comments:
Post a Comment