Wednesday, December 7, 2011

ဘာစီလိုနာကိုနမူနာယူ၍ မန်စီးတီးကို တည်ဆောက်သွားမည်

ယခုနှစ်ဂျူလိုင်လအတွင်း ကစားသမားဘ၀မှ အနားယူပြီးနောက် မန်စီးတီးတွင်အသင်းဖွံဖြိုးရေး
Executive တာဝန်နှင့် သွေးသစ်လူငယ်များ ပျိုးထောင်ရေး ကဏ္ဍတွင် တာဝန်ယူထားသည့် ပြင်
သစ်ဂန္ဓ၀င် ကစားသမား ပတ်ထရစ် ဗီအဲရာက ဘာစီလိုနာအသင်း၏ ဖေါင်ဒရေးရှင်းကို နမူနာ
ထားပြီး အသင်း၏ အောင်မြင်မှု့များကိုတည်ဆောက်သွားမည့်အကြောင်းထုတ်ဖေါ်ပြောဆိုသွား
သည် ။

အရှေ့အလည်ပိုင်းသူဌေးရှိတ်
မန်ဆော်၏ကြီးမားသည့်ရင်းနှီး
မြုတ်နှံမှု့များနှင့်အတူယခုနှစ်
တွင်အရှိန်အဟုန်ကောင်းလာ
သည့် မန်စီးတီးအသင်းသည်
ပရီးမီးယားလိဂ်တွင်အမှတ်
ပြတ်ဖြင့် ဇယားထိပ်တွင် ဦး
ဆောင်နေသကဲ့သို့ယခုနှစ်ချန်
ပီယံလိဂ် ပြိုင်ပွဲတွင်းဝင်ရောက်
ယှဉ်ပြိုင်နေလျှက်ရှိပြီးကမ္ဘာ့အ
ကောင်းဆုံး အသင်းများထဲမှ
တစ်သင်းဖြစ်လာခဲ့သည် ။

ပြီးခဲ့သည့်နှစ်ကFA ဖလားဖြင့်သာ ချွေးသိပ်ခဲ့ရသည့် မန်စီးတီး ဖန် များသည်ယခုနှစ်တွင်အသင်း
အောင်မြင်မှု့ကို အကြီးအကျယ် မျှော်လင့်လျှက်ရှိနေကြသည် ။ ပတ်ထရစ်ဗီအဲရာက ပြောကြားခဲ့
ရာတွင် “မန်စီးတီးဟာ အထက်တန်းလွှာ ကလပ်တွေကြားထဲရောက်လာပြီ ဖြစ်တဲ့ ကလပ်အသစ်
တစ်ခုဆိုတာကိုတော့ ခင်ဗျားလက်ခံရပါလိမ့်မယ် ၊ ချန်ပီယံလိဂ်ကိုလည်း ပထမဦးဆုံး ၀င်ရောက
လာနိုင်ခဲ့ပါပြီ ။

ဘာစီလိုနာကတော့ ဘောလုံးလောကရဲ့အထက်တန်းလွှာကြားထဲမှာရှိနေခဲ့တာကာလတွေ ကြာ
မြင့်ခဲ့ပါပြီ ၊ ကျွန်တော်တို့အနေနဲ့ သူတို့ဆီက ပုံစံတွေအတိုင်း လူငယ်စီမံကိန်းတွေကို စိတ်ရှည်
လက်ရှည် ပြုစုပျိုးထောင်သွားဖို့ရယ် ၊ ဘောလုံးနဲ့ပတ်သတ်တဲ့ တီထွင်ကြံဆမှု့နဲ့ နည်းပရိရယ်
တွေကို အချိန်ယူပြီး ဆောင်ရွက်သွားရပါလိမ့်မယ် ၊ ဒါဟာ လျို့ဝှက်စရာကိစ္စလည်းမဟုတ်ပါဘူး”

“လူငယ်ကစားသမားတွေ အောင်မြင်စွာ မွေးထုတ်နိုင်နေတဲ့ ဘာစီလိုနာရဲ့ပေါ်လစီဟာအကောင်း
ဆုံး ဥပမာတွေပါ ၊ အခုကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ရပ်
တည်နေပြီဖြစ်သလို အံ့ဖွယ်ကောင်းတဲ့ စိတ်ခွန်အားတွေလည်း ပိုင်ဆိုင်နေပါပြီ ။ လူငယ်တွေကို
အခုကတည်းက ပြုစုပျိုးထောင်ထားမယ် ၊ စနစ်တကျ ကိုင်တွယ်မယ်ဆိုရင် နောက် (၆) နှစ် (၇)
မှာ ချန်ပီယံလိဂ်မှာ ကစားနေတဲ့ မန်စီးတီး ကစားသမားတွေဟာ ခြံပေါက်လူငယ်တွေ ဖြစ်နေကြ
မှာပါ ။ အဲ့ဒီနည်းနဲ့ မန်စီးတီးရဲ့ အနာဂတ်ကို ခြယ်မှုန်းသွားမှာပါ ” ဟု ဗီအဲရာ ကပြောကြားသွား
ခဲ့သည် ။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ