Tuesday, December 6, 2011

ပထမဆုံးFA ဖလား ပွဲစဉ်မှာ နိုင်ငံခြားသား ဒိုင်လူကြီး ကိုင်တွယ်

ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး ပြိုင်ပွဲကြီး ဖြစ်သော FA ရှုံးထွက် ဖလားတွင် သမိုင်းဝင် အ
ပြောင်းအလဲ အဖြစ် ဂျပန် ဒိုင်လူကြီး တစ်ဦးက စီမံ ကိုင်တွယ်ခဲ့ကြောင်း သိရသည်။

စနေနေ့က ဘရန့်ဖို့ဒ်နှင့် ဘေ
ဆင်စတုတ်ခ်တို့ ကစားသည့်
FA ဖလား ပထမ အဆင့်ပွဲစဉ်
တွင် ဂျပန် ဒိုင်လူကြီး မာဆာ
ကီ တိုမာက ပွဲကို ကြီးကြပ် စီ
မံသွားသည်။ ယင်းမှာ သမိုင်း
တစ်လျှောက်ပထမဆုံးအကြိမ်
အဖြစ်ဗြိတိန်သားမဟုတ်သော
ဒိုင်လူကြီးတစ်ဦးကကိုင်တွယ်
ခြင်း ဖြစ်လာသည်။အဆိုပါ ပွဲစဉ်တွင် အိမ်ရှင် ဘရန့်ဖို့ဒ်က
(၁-၀)ဖြင့်အနိုင်ရှိသွားသည်။တိုမာသည်ပြီးခဲ့သည့် နှစ်က အင်္ဂလန်လက်ရွေးစင် အသင်းနှင့် မက္ကစီကို
တို့ ခြေစမ်း ကစားစဉ်က တာဝန်ယူကိုင်တွယ်ဖူးသူလည်းဖြစ်သည်။ထို့အပြင်၎င်းသည်အင်္ဂလန်ကလပ်
အသင်း ပွဲများနှင့် မစိမ်းလှဘဲ မြောက်ပိုင်းအရန်အသင်းများဖလားအဖြစ်ဘော်လ်တန်နှင့်ဆန်းဒါးလန်း
အရန် အသင်းများကစားစဉ်ကလည်းတာဝန် ယူခဲ့ဖူးသည်။

FA ၏ ဒိုင်လူကြီး ကော်မတီ အကြီးအကဲ ဒေးဗစ် အီလာရေးက “တိုမာက ကမ္ဘာ့အဆင့် ဒိုင်လူကြီး
တစ်ယောက်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ သူ့ကို FA ဖလားရဲ့ ပွဲစဉ်တစ်ခုမှာ ကြီးကြပ်ဖို့အတွက်
တာဝန် ပေးအပ်ခဲ့တာဟာ ပြိုင်ပွဲရဲ့ ရပ်တည်မှုကို တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်စေချင်
တဲ့ သဘောကို ထင်ဟပ် စေပါတယ်” ဟု ပြောကြားသွားသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ