တွက် နေ့ စားအလုပ်ထွက်လုပ်နေရလို့ အခုလို့ Sweet December မှာ မပြန်လာနိုင်ပဲ မိသားစု စုံ
လင်စွာနဲ့ ပျော်ပျော်ရွင်ရွင် မကြိုဆိုနိုင်ဘူးလို့ မယ်လစခန်းက နော်ရှဲဖောက အခုလို့ပြောပါ တယ်။
“Sweet Decemberကြိုဆိုဖို့အတွက်ဘာမှ မလုပ်တော့ဘူး မိသားစုမစုံတော့ ကျမ
တို့မလုပ်တော့ဘူးအရင်တုန်းကမိသားစု
ပြည့်စုံတော့လုပ်တယ်အခုမိသားစုစုံလင်
ရင်တော့လုပ်တယ်ကျမသားသမီးတွေ
လည်း အဖေမရှိတော့မလုပ်ချင်ကြတော့
ဘူးအဖေရှိရင်တော့သူတို့နည်းနည်းပျော်
နိုင်တော့ဘူး ပေါ့လို့ ပြောတယ်။”ဒုက္ခ
သည်စခန်းက လူငယ်တွေ ခေတ်လူငယ်
တွေကိုအတုယူပြီးသူ့အဖွဲ့ ကိုယ့်အဖွဲ့နဲ့ရန်
ညိုးတွေထားကာ စခန်းမှ ပွဲတခုခုကျင်းပရင် လူငယ်တွေ ရန်ဖြစ်တတ်တာမို့ ဒါကလည်း ပျော်ရွှင်
ဖို့အတွက်အနှောက်အယှက် တခုဖြစ်တယ်လို့ သူပြောပါတယ်။
“ဒီမှာတော့ ဟိုမှာသွားရင် လမ်းသရဲတွေနဲ့တွေ့မလား၊ ဒီမှာသွားရင် ရန်ဖြစ်တဲ့အဖွဲ့နဲ့တွေ့မလား စိတ်
မချရ တော့ ဘူး ဒါကြောင့် ကျမတို့အတွက် အနှောက်အယှက်ဖြစ်တော့ ဘာမှမလုပ်နဲ့တော့ အိမ်မှာ
ပဲ အေးအေး ဆေးဆေး နေတော့မယ်ပေါ့”
အခုလို့အချိန်မျိုးမှာ ငယ်ငယ်တုန်းက ကြီးလာခဲ့တဲ့ရွာတွေမှာ ကြိုဆိုတဲ့ Sweet December လေး
ကို သတိရတယ်လို့ သူမဆက်ပြောပါတယ်။
“ကိုယ့်ပြည်ကိုယ့်ရွာမှာတော့ ကိုယ်လုပ်ချင်သလိုလုပ် ကိုယ်ပျော်ချင်သလိုပျော် ကိုသွားချင်သလို
သွား ခေတ် ကောင်းတုန်းကပေါ့ အခွင့်အရေးတွေချည်းပဲ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့
ကျောင်းဆရာမတွေနဲ့ ဒီဇင်ဘာမှာ ပျော်ခဲ့တာသတိရတာပေါ့ သတိရတောင်မကဘူး အိမ်မက်
တောင်မက်တယ်”
ကိုယ့်ပြည်ကိုယ့်ရွာမှာ ပြန်ပြီး နေချင်ပေမယ့်အခု အခြေအနေက ပြန်ဖို့မဖြစ်သေးလို့ ဒီပဲနေရတာ
ဖြစ်တယ်လို့ သူဆက်ပြောပါတယ်။
No comments:
Post a Comment