ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ လူသစ်တချို့ကဒုက္ခသည်အနေနဲ့လက်
ခံပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ယူအဲန်က ချိန်းထားတဲ့ရက်ချိန်းမှာ သူတို့ တောင်းဆိုချက်အပေါ်
လာရောက်ဖြေကြားတာမျိုးမရှိသေးဘူးလို့ စခန်းဥက္ကဌ စောဆိုမ်းစာက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က စခန်းမှာနေထိုင်ပြီးယူ
အဲန်မှ အသိမှတ်ပြုခြင်းမရှိတဲ့ ဒုက္ခသည်
ကစခန်းမှာထားရှိတဲ့ယူအဲန်ရုံးရှေ့မှာလူ
တရာဝန်းကျင်လာရောက်ဆန္ဒထုတ်ဖော်
ပြပြီးယူအဲန်တာဝန်ရှိသူတွေကသူတို့ရဲ့
တောင်းဆိုချက်ကိုလက်ခံပြီးအထက်က
တာဝန်ရှိသူတွေထံတင်ပြပေးမှာဖြစ်သ
လိုဒီတပတ်ကြာသာပတေးနေ့မှာလာ
ရောက်အဖြေပေးမယ်လို့ကတိပေးထား
ပေမယ့်အဲ့ဒီနေ့မှာရောက်မလာခဲ့ဘူး
လို့စခန်းဥက္ကဌကဆက်ပြောပါတယ်။
“ယူအဲန်ကဒီနေ့ ဆန္ဒပြတဲ့သူအတွက် အဖြေလာပေးမယ်၊ အကြောင်းလာကြားမယ်ပေါ့၊ကျနော်က
ဒီနေ့မွန်းတက် နေ့လယ်ပိုင်းအထိစောင့်နေသေးတယ်။သူတို့ကရောက်မလာဘူးဆိုတော့ကျနော်
အိမ်ကိုပြန်လာတယ်။ ဒါပေမယ့်အခုချိန်ထိ ဘာမှ မကြားရသေးဘူး”
ဆန္ဒပြတဲ့ ဒုက္ခသည်တွေ အဓိက တောင်းဆိုတာက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရဖို့အတွက်
လျှောက်ထားဆဲဒုက္ခသည် PRE တွေကို ထိုင်းအစိုးရကအချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခြင်း
ကိုတိကျတဲ့ အဖြေပေးရန်၊ စခန်းပြင်ပမှာ စာရင်းသွင်းခဲ့ကြပြီး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံ
ရဖို့ လျှောက်ထားတဲ့ NI အမျိုးအစား ဒုက္ခသည်တွေကို အသိ အမှတ်ပြုရန်၊ အသစ်ရောက်ရှိလာ
တဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြု ခံရဖို့ လျှောက်ထားခွင့်ပြုရန် စတာတွေ ပါဝင် ပါတယ်။
ဒါပေမယ့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့က Provincial Administration Board
လို့ခေါ်တဲ့တာခ်ခရိုင်က ဒုက္ခသည်စီစစ် အသိအမှတ်ပြုရေးဘုတ်အဖွဲ့အပေါ်မူတည်တယ်လို့ မဲဆောက်
UNHCR ရုံးမှာရှိတဲ့ အရာရှိတစ်ယောက်က ပြောတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment