ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကိုယ်ထူကိုယ်ထ အလုပ်ရှိပြီး မိမိကိုယ်တိုင်ရပ်တည်
နိုင်တဲ့ ဒုက္ခသည်တွေအတွက် ဒုက္ခသည်တွေကို ထောက်ပံ့တဲ့ NGO တီဘီဘီစီမှ စားနပ်ရိက္ခာ
ထောက်ပံ့မှုကို ဒီနှစ်အတွင်းမှစပြီးအချိန် အကန့်အသတ်မရှိ ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ တီဘီ
ဘီစီမှ တာဝန်ရှိသူ မန်းလ် ကပြောပါတယ်။
ငွေရေးကြေးရေးအခက်အခဲ၊စား
သုံးကုန်ဈေးနုန်းမြင့်တက်လာလို့
ဒုက္ခသည်အားလုံးအတွက်စားနပ်
ရိက္ခာမလုံမလောက်မှု ဖြစ်ပြီးအခု
လိုလုပ်ဆောင်ရတာဟာအမှန်တ
ကယ်ဒုက္ခရောက်နေတဲ့သူတွေကို
စားနပ်ရိက္ခာအပြည်အစုံထောက်
ပံ့နိုင်ဖို့ ဖြစ်တယ်လို့ ဆရာမါးလ်
ကဆက်ရှင်းပြထားပါတယ်။
“ကျနော်တို့က စခန်းမှာ ကိုယ်တိုင်ရပ်တည်နိုင်တဲ့ ဒုက္ခသည်တွေနဲ့ တွေ့စုံပြီးရှင်းပြမယ်။ သူတို့
လက်ခံနိုင်မယ်လို့ မျော်လင့် ပါတယ်။ သူတို့ကို တမျိုးထင်တာတော့မဟုတ်ဘူး။ အမှန်တကယ်
ဒုက္ခရောက်ပြီး နည်းနည်းမှ မတတ်နိုင်တဲ့ သူတွေအ တွက် ပိုမိုထောက်ပံ့လို့ရအောင်ဖြစ်တယ်”
ဒီကိစ္စကို ကရင်ဒုက္ခသည်ကော်မတီ ကေအာစီ၊ တီဘီဘီစီ နဲ့ စခန်းကော်မတီတို့က ယင်းဒုက္ခ
သည်တွေနဲ့ တွေ့ စုံမှာဖြစ်ပါ တယ်။ အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေအတွက် ရိက္ခာဘယ်
လိုထောက်ပံ့မလဲ ဘယ်လောက် တိုးပေးမလဲ ဆိုတာ တီဘီဘီစီက ဆုံးဖြတ်ချက်မရှိသေးဘူးလို့
တာဝန်ရှိသူကဆက်လက်ပြောသွားပါတယ်။
အစမ်းသဘောအနေနဲ့ မယ်လစခန်းက ကိုယ်တိုင်ရပ်တည်နေထိုင်နိုင်တဲ့ ဒုက္ခသည်တွေကိုအရင်
ဆုံးသွားရောက် တွေ့ဆုံ မှာဖြစ်ပါတယ်။ ရိက္ခာထောက်ပံ့မှုရပ်ဆိုင်းခံရမယ် ဒုက္ခသည်တွေအတွက်
တော့ ဘာအခွင့်အရေးမှ ပိုရလာမှာမဟုတ်ဘူးလို့ သူဆက်ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment