ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကျောင်းတွေမှာ ဒီနှစ် ၂၀၁၂ ပညာသင်နှစ်အတွက် စခန်းပညာ
ရေးထောင့်ပံ့ရေးဖွဲ့ (ZOA)က စခန်းပညာရေးသင်ရိုးညွန်းတန်ပြန်လည်ရေးဆွဲခြင်းအစီအစဉ်ကို
ဖြုတ်ပြီး ကျောင်းဆရာလစာဘတ်၇၀၀အထိ တိုးပေးသွားတယ် လို့ KRCEE ဒုက္ခသည်ပညာရေး
ထောင့်ပံ့ရေးဆိုင်ရာအဖွဲ့ နော်တဘိုးရာက ပြောပါတယ်။
စခန်းပညာရေး မြင့်တင်လာဖို့ ဗဟုသုတ
ကြွယ်ဝလာဖို့ သင်ရိုးညွန်းတန်း ပြန်လည်
ရေးဆွဲခြင်း အစီအစဉ်ကို အလှူရှင်အဖွဲ့
တွေ အနေနဲ့ အားမပေးတဲ့အတွက်(ZOA)
က အဲ့ဒီအစီအစဉ်နဲ့ တခြားအစီအစဉ်တ
ချို့တို့ကို ရပ်နားလိုက်ပြီး စုမိတဲ့ ငွေ
တွေကိုကျောင်းဆရာလစာအတွက်ပြန်
သုံးဖြစ်တာဖြစ်လို့ နေတဘိုးရာဆက်
ပြောပါတယ်။
"အရင်က ကျောင်းဆရာ ဆရာလာလျော့တာလည်း ကျမတို့ လျော့ချင်တာမဟုတ်ပါဘူး အစီအစဉ်
တွေနည်းနည်းများပြီး ငွေကြေးနဲ့ သိမ်အဆင်မပြေတော့လို့ လျော့ရတာဖြစ်တယ်။ ဒီနှစ်မှာတော့ အစီ
အစဉ်တချို့ ဖြုတ်ထားလိုက်ပြီး ကျောင်းဆရာနဲ့ ကျောင်းသားအချိုးကျကျသတ်မှတ်ပေးလိုက်ပြီးတိုး
ပေးလိုက်တာဖြစ်တယ်"
ဒီနှစ်လျော့လိုက်တဲ့ အစီအစဉ်က အထက်တန်းပြဆရာတွေအတွက် TOTသင်တန်းနဲ့ သင်ရိုးညွန်း
တန်းပြန်လည်ရေး ဆွဲခြာင်းတို့ ဖြစ်ပြီး လာမယ့် ဇွန်လမှာ စခန်းမှာရှိတဲ့ NFE, non formmer
education အစီအစဉ်ကိုလည်း ဖြုတ်သွား မှာဖြစ်တယ်လို့ သူမဆက်ပြောပါတယ်။
အခုလို ကျောင်းဆရာလစာတိုးပေးတဲ့အတွက် ကျောင်းဆရာအလုပ်ကို လာလျှောက်တဲ့သူများလာ
ပြီး စောက်နေရတဲ့စရင်း မှာထည့်သွင်းရတဲ့အဆင့်ထိ ဖြစ်သွားပါတယ်။ ပြီးခဲ့တဲနှစ်က ကျောင်းဆရာ
တစ်ယောက်ကို လစာလေးရာပဲပေးတဲ့အတွက် အချို့ကျောင်းဆရာလုပ်တဲ့သူက မိသားစု စားဝတ်
နေရေးအဆင်မပြေလို့ ထွက်က ကျောင်းဆရာရှားပါးတဲ့အခက်အခဲကို ကြုံတွေ့ခဲ့တာဖြစ်ပါတယ်လို့
အုန်းဖြန်စခန်းက ပညာရေးဆိုရာတာဝန်ရှိသူကပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment