Friday, May 25, 2012

မယ်လစခန်းကျမ်းစာကျောင်း ပြုပြင်နိုင်ဖို့ ထိုင်နိုင်ငံက ကရင်အဆိုတော်တွေစုပြီး ရန်ပိုငွေရှာ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အဆိုတော်တွေက မီးဘေးသင့်သွားတဲ့ မယ်လစခန်းကျမ်းစာကျောင်း
ကို ကူညီထောင့်ပံ့နိုင်ဖို့ မဲဆောက်မြို့မှာ ဖျော်ဖြေပွဲတခုကျင်းပပြီးရန်ပိုငွေရှာသွားတယ်လို့ ကရင်အ
ဆိုတော် စောဝိုင်ရိုးက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် ၁၂ရက်ကစီဒီစီ
ကျောင်းဝင်းမှာ ကျင်းပတဲ့ဖျော်
ဖြေပွဲမှာ လာရောက်အားပေး
တဲ့ပရိဿတွေငါးရာကျော်ခန့်
မှန်းရပြီ့း ဒီဖျော်ဖြေည တည
ထဲမှာပဲထိုင်းဘတ်ငွေ လေး
သောင်းကျော်လောက် လှူ
ဒါဏ်းနိုင်မယ်လို့ ကရင်အသိုင်း
အဝိုင်းမှာ နာမည်ကြီးအဆို
တော်စောဝိုင်ရိုးကပြောပါပြော
ပါတယ်။

"သူတို့ ကျောင်းကို မီးလောင်သွားတယ်လို့ ကျနော်တို့ကြားရတော့ ကျနော်တို့လည်းစိတ်မကောင်း
ဘူး ဒါကြောင့် ကျနော်တို့ တတ်နိုင်တဲ့ အပိုင်းမှာကူညီနိုင်ဖို့ ကျနော်တို့အဆိုတော်တွေအချင်းချင်းစု
ပြီး ဒီပွဲကို ကျင့်ပသွား တာဖြစ်တယ်။ရတဲ့ငွေတွေက တော့ ငါးသောင်းလောက်ရှိမယ် ဒါပေမယ့်
ပစ္စည်းငှားတာတို့ တီတဲ့သူငှားတာတို့ ကျနော်တို့ တကယ်လှူဒါဏ်းနိုင်တာ လေးသောင်းကျော်
လောက်ပါပဲ"

လာရောက်ဖျော်ဖြေတဲ့ အဆိုတော်တွေအထဲက နာမည်းကြီးအဆိုတော် ဝိုင်ရိုး၊ရှီးထူး၊ ဆာဖောရှီးဟဲ၊
ဆာဖောထူး၊ အီးဘိုင်းဘိုင်နဲ့ ပိုးကရင်အဆိုတော် ထူးဝါးအပါအဝင် ပေါင့်ခါစအဆိုတော် ၁၉ယောက်
လာရောက်ဖျော်ဖြေသွားပြီး ညနေ ၇း၀၀နာရီမှ ည၁၂း၀၀အတိဖျော်ဖြေသွားပါတယ်။

မယ်လကျမ်းစာကျောင်းက ပြီးခဲ့တဲ့ဧပြီလကုန်းပိုင်းမှာ လျက်စစ်မီးလျှောက်လိုက်ရာကနေ မီးထ
လောင်သွားပြီး ကျောင်း၊ ကွန်ပျူတာအခန်း၊ အတီးအမှုတ် တူရိယာခန်းနဲ့ ကျောင်းသုံးစားနပ်ရိက္ခာဂို
ဒေါင်အပါအဝင် ကျောင်းအုပ်ကြီးအိမ်ပါလောင်သွားပြီးဘတ်ငွေတသန်းကျော်ကုန်ကျသွားပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ