ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောင့်မြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းမှာ ကျောင်းသားတစ်
ယောက်က ဆိုင်ကယ် လမ်းချော် ရာမှ လမ်းဘေး ဘိလပ်မြေတိုင်နဲ့တိုက်မိပြီး သေဆုံးသွားတယ်လို့
စခန်းလုံခြုံ ရေးမှူး စောအာမူက ပြောပါတယ်။ဒီအပတ် အင်္ဂါနေ့ နံနက်ဆယ်
နာရီမှာ ကျောင်းသား စော
လောကော်ထူးက သူ့ သူငယ်
ချင်းမင်္ဂလာဧည့်ခံဖို့ ဆိုင်
ကယ်နဲ့ ဈေးဝယ်ထွက်ရာမှာ
လိုက်ပါသွားပြီး စခန်းရပ်
ကွက်ကြီး B1နှင့်C5 ကြားမှာ
ဆိုင်ကယ်လမ်းချော်သွားလို့
လမ်းဘေးက ဘိလပ်မြေတိုင်
နဲ့ တိုက်မိကာ ဆေးရုံမှာသေ
ဆုံးသွားပြီးသူ့သူငယ်ချင်းက
လက်တစ်ဖက် ကျိုးသွား
တယ်လို့ လုံခြုံးရေးမှူး စော
အါးမူကအခုလိုပြောပါတယ်။
"စခန်းစည်းကမ်းအရဆို အပြင်မှာ ဆိုင်ကယ် မောင်းလို့တောင် မရဘူး ထိုင်းလည်းမကြိုက်ဘူးလေ၊
သူတို့က ဆိုင်ကယ်တစ်စီးကို သုံးလေးယောက်စီးပြီး ကြမ်း ကြမ်းမောင်းလေ့ရှိလို့ ဒီလိုမျိုး မကြာမ
ကြာဖြစ်တတ်တယ်။ အခုမှာ ဆိုင်ကယ်မောင်းတဲ့သူက ကောင်းကောင်းလည်း မမောင်းတတ်ဘူးဆို
တော့ ဒီလိုဖြစ်သွားတာပေါ့"
အခုလို့ ဆိုင်ကယ်တိုက်လို့ သေဆုံးသွားတဲ့ အသက်၁၈နှစ်အရွယ် စောလောကော်ထူးက ဦးခေါင်း
ထိသွားပြီး ဦးခေါင်းကြေ သွားတယ် လို့ မျက်မြေသက်သေတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ စောလောကော်ထူးက နွေရာသီကျောင်းပိတ်ရက်တွေမှာ လုံခြုံရေးအလုပ်လည်း
လုပ်ပြီး ဘော်လုံး ဝါသနာရှင်တစ်ယောက်ဖြစ်လို့ ၂၃ရက်မှာ ကျရောက်တဲ့ ကရင်လူ ငယ်အစီး အရုံး
နေ့အတွက် ကျင်းပတဲ့ဘော်လုံးပွဲ မှာလည်းစီမီးအထိကစားလိုက်ရပြီး သူ့အဖွဲ့က တတိယဆုရသွား
တယ်လို့ နည်းပြဆရာကပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment