Monday, May 28, 2012

ကရင်အသိုင်းအဝိုင်းမှာ အရည်အခြင်းရှိတဲ့ သတင်းထောက်တွေပိုများလာဖို့ က ရင်ကျောင်းသားများ ကွန်ယက် အဖွဲ့က ခေါ် ယူပြီး အခြေခံသတင်းသင် တန်းပေး

ကရင်အသိုင်းအဝိုင်းမှာ အရည်အချင်းရှိတဲ့ သတင်းထောက်တွေပိုများလာဖို့နဲ့ ဒုက္ခသည်စခန်းနဲ့ က
ရင်ပြည်နယ်မှာ ဖြစ်ပျက် နေတဲ့အဖြစ်အပျက်တွေကို ပုံမှန်ရေးသားတင်ပြနိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်
ဒုက္ခသည်စခန်းက လူငယ်တချို့ ကရင်ပြည်နယ် က လူငယ်တချို့ကို ကရင်ကျောင်းသားများကွန်
ယက်အဖွဲ့က ခေါ်ယူပြီး အခြေခံသတင်းသင်တန်းပေးသွားပါတယ်။
ဒီသင်တန်းကို ပြီးခဲ့တဲ့လ ၂၃
ရက်နေ့မှ ဒီလ၁၈ရက်နေ့အ
ထိ တစ်လတာသင်တန်းပေး
သွားပြီး အခြေခံသတင်းရေး
နည်း၊ သ တင်းလိုက်နည်းနဲ့
အသံအပိုင်းဆိုင်ရာ အသံ
ဖမ်း၊ အသံတည်းဖြတ်နဲ့ သ
တင်းကြေငြာတဲ့အပိုင်းမှာ
လည်း သင်ကြားပေးခဲ့တဲ့ အ
တွက် အကျိုးရှိတယ်လို့ က
ရင်ပြည်နယ်မှ လာတဲ့ သင်
တန်းသူ နော်ချယ်ရီက ပြော
ပါတယ်။

"ဒီသင်တန်းက ကျမအတွက် အကျိုးအများကြီးရှိတယ် ဘာဖြစ်လို့လဲဆိုတော့ အရင်က ဒီလိုသင်
တန်းမျိုးမတက်ဖူးဘူး အခုလိုသင်တန်းတက်ရတော့ သတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိ
လာတယ်၊ အသံနဲ့ပတ်သက်တဲ့ အကြောင်း တွေလည်းအများကြီးသိလာတယ်။ ပြီးတော့ ဒီသင်တန်း
က လူငယ်တွေပဲတွေ့ရတယ်"

အခြေခံသတင်းသင်တန်းမှာ သင်ကြားပေးတဲ့ဆရာတွေက ဝါရင့်သတင်းသမား ရော်နိုင်အောင်နိုင်နဲ့
အမေရိကန်ကလာပြီး အသံအပိုင်းဆိုင်ရာ ကြွမ်းကျင်သူ ရေဒီယိုအလွှတ်သတင်းထောက် ဂျက်တို့
ကသင်ကြားပေးသလို ကရင်ကျောင်းသားများ ကွန်ယက်အဖွဲ့က သတင်းတာဝန်ရှိတဲ့သူတွေသင်
ကြားပေးတာဖြစ်ပါတယ်။

ဒီသင်တန်းမှာ တက်ရောက်တဲ့သင်တန်းသားတွေက ကရင်ပြည်နယ် တပ်မဟာ ငါး မူတြော်ခရိုင်
ကိုယ်စား သုံးယောက် အပါအဝင် မယ်လစခန်းနှစ်ယောက်နဲ့ နို့ဖိုးစခန်း၊ အုန်းဖြန်စခန်း၊ မယ်ရာမိုစ
ခန်း၊ မယ်လအူးစခန်းတွေမှာ တစ်ယောက်စီ တက်ရောက်ကြပါတယ်။


No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ