Thursday, July 5, 2012

ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဒုက္ခသည်တွေကို ပြန်ပို့ ရင် ပြည်တွင်းမှာ ၅နှစ် ကူညီထောင့်ပံ့ ရမယ်လို့ ကေအာစီပြော

ထိုင်း-မြန်မာနယ်စပ်က ကရင်ဒုက္ခသည်တွေကို နေရာပြန်လည်ချထားရေးအစီအစဉ်နဲ့ပတ်သက်ပြီး
ကေအာစီ ကရင်ဒုက္ခသည် ကော်မတီအဖွဲ့က ဒုက္ခသည် ပြန်လည်အခြေချနေထိုင်ဖို့ ဒုက္ခသည်
တွေကို ကူညီထောင့်ပံ့တဲ့ အဖွဲ့အစည်းတွေက ပြည်တွင်းမှာ အနည်းဆုံး ငါးနှစ် ကူညီထောက်ပံ့ရ
မယ်လို့ အစီရင်ခံစာ ထုတ်ပြန် ထား ပါတယ်။
အခုလက်ရှိအခြေအနေက ဒုက္ခသည်
တွေအတွက် ပြည်တွင်းမှာ ပြန်လည်
အခြေချမယ့်ကိစ္စတွေကို ဆွေးနွေး ဖို့
အချိန် ရောက်လာပြီးဖြစ်လို့ ကြိုတင်
ပြင်ဆင်တဲ့ အနေနဲ့ ကေအာစီက
ထိုင်းနယ်စပ်တလျောက် ကရင်ဒုက္ခ
သည် စခန်းကော်မတီတွေနဲ့ ဆွေး
နွေးပြီး အခုလိုဆုံးဖြတ်သွားတာဖြစ်
တယ်လို့ ကေအာစီအတွေးရေးမှူး
စောဂျောက်က ပြောပါတယ်။

“ကျနော်တို့ ပြန်ရတော့မယ်လို့ အခုဆွေးနွေးတာမဟုတ်ဘူး တကယ်လို့ ကျနော်တို့ပြန်ရမယ့်နေ့
ရောက်ခဲ့ရင် ဘယ်လိုမျိုးပြန်မလဲဆိုတာ ဆွေးနွေးထာတာ။ အခု ကျနော်တို့နေတာ ကျနော်တို
တိုင်းပြည်မဟုတ်ဘူး တချိန်ကျ ရင် ကျနော်တိုပြန်ရမယ်လေ။ ဒါကြောင့် ဒီလို ဆွေးနွေးမှုတွေလုပ်
တာပါ”

အခု ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအစီအစဉ်ကို ဘယ်နှစ်အဘယ်အချိန် ဖြစ်မယ်ဆို
တာကို မသေချာသေး တဲ့အပြင် ဒုက္ခသည်တွေက အစိုးရအုပ်ချုပ်မှုအောက်မှာ ပြန်နေရမလား ဒါ
မှမဟုတ် ကေအဲန်ယူအုပ် ချုပ်မှု အောက်မှာ လားဆိုတဲ့ ကိစ္စတွေကို ကေအာစီအနေနဲ့ အချိန်
ရောက်လာမှ ဆက်လက်ဆွေးနွေးရမယ်လို့ သူဆက်ပြောပါတယ်။

ပြီးတော့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပေါ်လစီတွေရှိထားသလို
ဒုက္ခသည် တွေက တတိယနိုင်ငံမှာ အခြေချခွင့်၊ ထိုင်းနိုင်ငံမှာ အခြေချနိုင်ခွင့်နဲ့ ပြည်တွင်းမှာ ပြန်
လည် အခြေချခွင့် တို့ကို ဒုက္ခသည်တွေအတွက် အခွင့်အရေးရှိတယ်လို့ သူဆက်ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် ရွေ့ပြောင်းနေထိုင်ခွင့်နဲ့ပတ်သက်ပြီး UNHCR ပေါ်လစီရှိထားသလို ဒုက္ခ
သည်တွေက လွှတ်လွှတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့်ရှိတယ်။ တတိယနိုင်ငံမှာသွားမလား၊ ဒီမှာနေမ
လားဒါမှမဟုတ် ပြည်တွင်းမှာပြန်မလား သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်”

ထိုင်း-မြန်မာနယ်စပ်မှာ ကရင်ဒုက္ခသည်စခန်း ၇နှစ်ခုနဲ့ ကရင်နီဒုက္ခသည်စခန်း၂ခုရှိပြီး ဒုက္ခသည်
ဦရေ ၁၄၀၊၀၀၀ ခန့်ရှိ တယ်လို့ တီဘီဘီစီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် ကူညီရေးညွန့်ပေါင်း စာ
ရင်းအရ သိရပါတယ်။


No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ