Thursday, July 5, 2012

မယ်ရာမိုဒုက္ခသည်စခန်းက ဒုက္ခသည် ၅ယောက်ကို ထိုင်းအစိုးရကဖမ်းမိ

ထိုင်းလူမှုကြီးကြပ်ရေးတာဝန်ရှိတဲ့သူ ဖမ်းမိချုပ်နှောင်ခဲ့တဲ့ မယ်ရမိုဒုက္ခသည်စခန်းက ဒုက္ခသည် ၎
ယောက်ကို ဒီလ ၂၈ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ကရင်ဒုက္ခသည် ကော်မတီ တာဝန်ရှိသူ စော
ဂေဖလိုးကပြောပါတယ်။
မယ်ရာမိုဒုက္ခသည်မှ ဒုက္ခသည် ၇
ယောက်က ထိုင်းနိုင်ငံသား ဖြစ်သူ စော
နုချေ အကူအညီဖြင့် ချင်းမိုင်သို့ အလုပ်
သွားလုပ်ဖို့် မဲစရီးယန်းမြို့မှာရှိတဲ့ ချင်း
မိုင်သွားမယ့် ကားဂိတ်မှာ ကားစောင့်နေ
စဉ် ၅ယောက်က ဖမ်းဆီးခဲ့ပြီး ၂ဦးမှာ
ထွက်ပြေးသွားတယ်လို့ စောဂေဖလိုးက
ဆက်ပြောပါတယ်။

“ဒုက္ခသည် ၅ ယောက်ကို ဖမ်းထားပြီး
ကျန်တဲ့ ၂ ယောက်ကထွက်ပြေးသွား
တယ် ဖမ်းထားတဲ့ ၅ ယောက်ကို ထောင်
ထဲမှာချုပ်ထားပြီး ထိုင်းဥပဒေနှင့်အညီခံရတယ် လာမယ့် ၂၈ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့
ထိုင်းနိုင်ငံလူဝင်မှုကြီးကျပ်ရေးအရာရှိ တွေက စခန်းကော်မတီတွေဆီလာပြီးအကြောင်း
ကြားပါတယ်”

ဖမ်းဆီးခံရတဲ့ ဒုက္ခသည်၅ယောက်မှာ တစ်ယောက်က ၁၇နှစ်သာရှိတဲ့အတွက် ပြန်လွှတ်ပေးပြီး
ကျန်၎ယောက်က နိုင်ငံခိုးဝင်မှုအဖြစ် မဲစရီးယား ထောင်ထဲမှာ ၄ရက်ကြာ ချုပ်နှောင်ထားပြီး
အခုလိုလွှတ်ပေးတော့မှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ကေအာစီကို ပြောတယ်လို့ သူ
ဆက်ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွား တဲ့ ဒုက္ခသည်နှစ်ယောက်က ဘယ်နေရာကိုရောက်သွားလဲဆိုတာ
ဘာမှမသိသေး ဘူးလို့သူကဆက်ပြောပါတယ်။

“အဲ့ဒီနှစ်ယောက်က ထိုင်းလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိတဲ့သူတွေက သူတို့သူငယ်ချင်းတွေကို ဖမ်း
တဲ့အချိန်မှာ တွေ့လိုက်ပြီး သူတို့ ထွက်ပြေးသွားတာ သူတို့အိပ်တွေအကုန်လုံးကျန်ခဲ့တယ်”

မယ်ရာမိုဒုက္ခသည်စခန်းက ဒုက္ခသည်တချို့က စခန်းမှ ပေးတဲ့ ရိက္ခာတွေအပြင် စားဝတ်နေရေးပိုမို
ပြေလည်ရေး အတွက် အနီးအနားရှိ ထိုင်းတောင်ပေါ်ရွာတွေမှာ နေ့စားအလုပ်တွေကို အလုပ်ထွက်
လုပ်တဲ့ဒုက္ခသည်တွေရှိ တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်၊ ဆူမွဲမြို့နယ်ရှိ မယ်ရာမိုစခန်းက ၁၉၉၅ခုနှစ်မှာ စတင်
တည်ထောင် ခဲ့တဲ့ဒုက္ခသည်စခန်းတခုဖြစ်ပြီး လက်ရှိ လူဦးရေ ၁၉,၀၀၀ ခန့်ရှိတယ်လို့ KRCရဲ့ မေ
လထုတ် ဒုက္ခသည်လူဦး ရေစာရင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ