ထိုင်းမြန်မာ နယ်စပ် နို့ဖိုးကရင် ဒုက္ခသည်စခန်းတွင် စခန်းတွင်းမှ ထွက်ခွါသွားကြသူတွေများလာ
ကြောင်း နို့ဖိုးစခန်းမှ အတွင်းရေးမှူးစောသူးလေဒိုစိုးက ပြောပါတယ်။
နိုးဖိုးစခန်းမှ ထွက်ခွါသောသူတွေဟာ
များသောအားဖြင့် မိသားစုအခက်အခ
ကြောင့်ဟုသိရပြီးဒုက္ခသည်များကို
ပြည်တွင်းသို့ ပြန်ပို့မည် ဟူသော
ကောလဟာလသတင်း များကြောင့်
လည်းဖြစ်ကြောင်း စောသူးလေဒိုစိုး
က အခုလိုပြောပါတယ်။
"စခန်းသားတွေနည်းသွားတဲ့ ပထမ တစ် တချက်ကတော့ အပြင်ထွက်ပြီး အလုပ်ထွက်လုပ်တဲ့
သူတွေက ရာခိုင်နှုံးပိုများ လာတယ်လေ၊ နေရပ်ကို ကြတော့ ပြန်တဲ့သူ နည်းတယ် တချို့ ဆို တ
အိမ်ထောင်စုလုံး ထွက်သွားကြတယ်လေ တချို့ ကျတော့လဲ ဇနီးမဟုတ်ရင် ယောက်ျား တ
ယောက်ယောက်ထွက် သွာကြတာတွေလဲ ရှိတယ်လေ အခုဆို လူတွေထွက်သွား တာ လေး
ဆယ်ရာ ခိုင်နှုံးလောက် တောင်ရှိနေပြီ"
အခုလို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်တဲ့သူနဲ့ နေရပ်ကို ပြန် သွာတဲ့ သူတွေဟာ များသောအာ
ဖြင့် တတိယနိင်ငံ သို့ ထွက်ခွါလိုကြသောသူများသာ ဖြစ်ကြပါတယ်။
ကေအဲန်ယူနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲပြီး နေရပ်ရင်း ပြန်ဖို့ အစီအစဉ်တွေ ဖြစ်လာနိုင်
တဲ့ အခြေအနေတွေ ဖြစ်လာတာကြောင့် သူတို့ရဲ့မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး အခုလိုထွက်ခွါ
ကြတာဖြစ်တယ်လို့ စောသူးလေဒိုစိုးက အခုလိုဆက်ပြောပါတယ်။
"တချို့လူတွေဆို သူတို့ထင်တာက ဒုက္ခသည်မှာ ၂ နှစ်လောက်နေပြီး ရင်တော့ နိင်ငံခြားကို သွား
လို့ရမယ်လို့ ထင်ကြတယ်လေ ဒါပေမယ့် နှစ်တွေကြာလာတော့ မသွားရတဲ့ အပြင်ပိုက်ဆံကုန်
တာပဲ အဖတ်တင် တာပေါ့ နော် ပြီးတော့ သူတို့ လူဟောင်းဖြစ်ရေး နဲ့မဖြစ်ရးကိုလဲ အဲဒီယူအဲန်ဆီ
က တိကျတဲ့ အဖြေကို မရကြဘူးလေ''
ဒုက္ခသည်များကို ပြည်တွင်းသို့ ပြန်ပို့ရန်မှာ အစီစဉ်မရှိသေး ကြောင်း UNHCR ဒုက္ခသည်များဆိုင်
ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူတဦးက ၂၁ ရက်နေ့က မဲ့စရင်း မှာကျင်းပတဲ့ TBBC သုံးလတ
ကြိမ် အစည်းဝေးမှာ ပြောသွားပါတယ်။
"ဒုက္ခသည်တွေ ဘယ်တော့ပြန် မယ်ဆိုတာကတော့ သူတို့အပေါ် မှာပဲမူတယ် တယ်လေ ကျနော်
တို့နဲ့ ထိုင်းအစိုးရ တွေဆုံးဖြစ်ရမှာ မဟုတ်ဘူး ကျနော်တို့ ယူအဲန် အနေနဲကတော့ ပြန်ပို့မဲ့ အစီစဉ်
တော့ ဘာမှမရှိသေးဘူး”
အခုလို ကောလဟာ လသတင်းတွေ ထွက်နေတာကြောင့် နို့ဖိုးစခန်းမှ လူအများအ ပြားစခန်းမှ
ထွက်ခွါ သွားကြပြီး ကျန်ကရင် ဒုက္ခသည် စခန်းများမှ လဲ ထွက်ခွါသူများ ရှိကြောင်း သိရပါ တယ်။

No comments:
Post a Comment