ထိုင်းမြန်မာနယ်စပ် မယ်လ ကရင်ဒုက္ခသည်စခန်းမှာ ဇနီး ဒါမှမဟုတ် ခင်ပွန်းဖြစ်သူ နိုင်ငံခြား
ထွက်သွားပြီး ကွဲကွာနေတဲ့ အိမ်ထောင်စု(လင်မယား)များ (၄၀၀၀) ပို့ဆောင်ပေးရန် ထိုင်းအစိုး
ရ မှတာဝန်ရှိသူ များက စတင်လုပ်ဆောင် ပေးနေကြောင်း မယ်လစခန်း ဥက္ကဌ စောထွန်းထွန်း
ကအခုလိုပြောပါတယ်။
"ပထမဆုံး အနေနဲ့တော့ ထိုင်းအစိုးရ
က လူအယောက် လေးထောင်သ
ဘောတူ လိုက်တယ်လေ သူတို့မိ
သားစုထဲ က တချို့ကြတော့ မိန်မ
က သွားတာတို့ ဒါမှမဟုတ် ယော
က်ျား ကသွားတာတို့ အဲဒီလူတွေအ
တွက် အဓိက ထားပြီးအခု စလုပ်
ပေးတာပါ"
အဲဒီ ကျန်ခဲ့တဲ့ လူတွေကို UN ရုံးမှာ ခေါ်တွေ့ ပြီးမိသားစုဝင် ဟုတ်မဟုတ်စစ်ဆေးမေးမြန်း ပြီး UN ဓာတ်ပုံ ရိုက်ပေး တယ်လို့သူက ဆက်ပြော သွားပါတယ်။
ယောကျာ်ဖြစ်သူ နိုင်ငံခြားသို့ သွားပြီး ၂ နှစ်ကြာမှ ယခု အချိန်တွင် သွါခွင့်ရသူ မယ်လစခန်းက
အမျိုးသမီးတဦးကတော့ အခု လို ပြောပါတယ်။
"ကျမအမျိုးသားက နိင်ငံခြားထွက်သွားတာ ၂ နှစ်ရှိပြီလေ မသွားခင် သူ့ကို အင်တာဗျူးတော့
ကျမကလူသစ်ပဲရှိသေးတယ်လေ အခုမှ ကျမနံမည် ကျတာ အထောက်အထားတော့ ခက်ခဲ့ ခဲခဲ
ပြစရာဘာမှ မလိုပါဘူး"
ဒီလအတွင်းမှာပဲ ထိုင်းတာဝန်ရှိ သူတွေက အဲဒီလူတွေကို စာရင်းလာကောက်မှာဖြစ်ပြီး စက်တင်
ဘာလ မှာယူအဲန်က ဆက်လက်တာဝန်ယူ လုပ်ဆောင် ပေးသွားမှာဖြစ် ပါတယ်။
မယ်လ ကရင်ဒုက္ခသည် စခန်းတခုထဲတွင်း မိသားစု ပြန်လည်ပေါင်း စည်းရေး အတွက် ပို့ဆောင်
ပေးရမည့်သူ ၄၀၀ ကျော်ရှိကြောင်းသိရပါတယ်။

Oh! In Maela camp have more over (400)family's need for family re union process.This should to be done.Many of family are ready to broken.Now,totally most(300)family list are out of order and other still remain and need to report each zone office.
ReplyDelete