Tuesday, August 7, 2012

ကရင် ဒုက္ခသည်စခန်းမှ ကောလိပ်ကျောင်းတချို့ ပြည်တွင်းသို့ ပြန်လည်ပြောင်းရွှေရန်ရှိနေ

ပစ်အခတ်ရပ်စဲရေး အခြေအနေတည်ငြိမ်လာမယ်ဆိုရင် ထိုင်းမြန်မာနယ်စပ် မယ်လ ကရင် ဒုက္ခသည်စခန်းက L M T C (Leadership and Management Training College ) ကျောင်းအပါအ၀င် တခြား အထက်တန်းလွန် ကျောင်းတွေကို ပြည်တွင်းကို ပြန်လည်ရွှေ့ပြောင်းဖို့ အစီအစဉ်ရှိတယ်လို့ L M T C ကျောင်းအုပ် ဆရာစော အါးသယ် က ပြောပါတယ်။

မယ်လဒုက္ခသည်စခန်မှ LMTC ကျောင်းအပါအ၀င်အခြားသော Post-ten ကျောင်းတွေကို ကရင်ပြည် နယ်စပ် တပ်မဟာ ၅ ဒါမှမဟုတ် ၇ တနေရာမှာ ပြန်လည်ထူထောင်ဖို့ အစီစဉ်ရှိပြီး အစိုးရနှင့်ကေအဲန်ယူကြား ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးပေါ်မှာ မူတည်ကြောင်းသိရပါတယ်။

အဲဒီကျောင်း ပြောင်းရွှေ့ ဖွင့်လှစ်ရန်အစီစဉ်နဲ့ ပတ်သတ်ပြီး L M T C ကျောင်းအုပ် ဆရာစော အါးသယ် ကယခုလိုပြောပါတယ်။


'' အခုဒုက္ခသည်တွေက ပြည်တွင်းကို ပြန်မယ်ဆိုရင် ပညာရေးကို ကျနော်တို့ ဘာသာပဲလုပ်ချင်တယ် မြန်မာအစိုးရရဲ့ လက်အောက်မှာတော့ လုံးဝမနေချင်တော့ဘူး ဒီကောလိပ်ကျောင်း တခုပဲပြန်လုပ်မှာမဟုတ်ဘူး ကျန်တဲ့မူလတန်း အလယ်တန်း အထက်တန်း တွေအားလုံးလဲ ပါတယ် ဒါပေမယ့် ကျောင်းရဲ့နံမည်ကိုတော့ ကော်သူလေ ကောလိပ်ကျောင်း လား ဒါမှမဟုတ်ရင် ကရင်အမျိုးသား ကောလိပ်ကျောင်းလားတော့ မသေချာသေးဘူးး''

သို့သော်လည်း ကျောင်းပြန်လည်ရွှေ့ပြောင်း ဖွင့်လှစ်ရန် အတွက် နယ်စပ်ရှိBGF ရှေ့တန်းတပ်စခန်းများနှင့် အစိုးရတပ် အားလုံးကို ပြန်လည်ရုပ်သိမ်းမှသာ အဆင်ပြေမှာဖြစ်ပြီး ရုပ်သိမ်းခြင်းမရှိပါက အခက်အခဲရှိမယ်လို့ သူကဆက်ပြောပါတယ်။

တကယ်လို့ ကောလိပ်ကျောင်းကို ပြည်တွင်းမှာ ပြန်လည်ဖွင့်လှစ်ပါက လွန်စွာဝမ်းမြောက်ကြောင်းနှင့် အကျိုးရှိကြောင်း နောက်ဆုံးနှစ် ကျောင်းသား စောနေစေးကအခုလို ပြောပါတယ်။

'' အခြေအနေတွေအား လုံး အဆင်ပြေပြီး ပြည်တွင်းမှာကောလိပ်ကျောင်းပြန်လုပ်မယ် ဆိုတော့ ကောင်းတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဒါကကျနော်တို့ရဲ့နေရာပဲလေး စာသင်ရတာလဲပိုပြီးလွတ်လပ်မယ်’’

ယခုနှစ်တွင် ကျောင်းဆရာ၊ ဆရာမစုစုပေါင်း ၂၄ ယောက်ရှိပြီး ကျောင်းသားစုစုပေါင်း ၁၇၄ ယောက် ရှိတယ် ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ