Tuesday, August 7, 2012

ကြာအင်းဆိပ်ကြီးမြို့နယ် မဲ့ကသာတွင်စိစစ်ရေး ကတ်ပြား ပြုလုပ်ပေးနေ

ရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲ့ကသာကျေးရွာအုပ်စုရှိမဲ့ကသာရွာကြီးတွင် မြန်မာအစိုးရ လူဝင်မှု ကြီးကြပ်ရေး-လ၀က၊ Norwegian Refugee Council (NRC)နှင့် ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူတို့ ပူးပေါင်း၍ ဒေသခံ လူထုများအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးလျှက်ရှိပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဇူလိုင်လ ၂၉ရက်နေ့မှစ၍ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လ၀ကမှ ၆ဦး၊ NRC အဖွဲ့ဝင် ၂ဦးနှင့် ကေအဲန်ယူ အဖွဲ့ဝင်အချို့က ကူညီဆောင်ရွက်ကာ ဒေသခံများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းဖြစ်သည်ဟု ၎င်းကတ်ပြားရိုက်ပေးရာ တွင် ပါဝင်ဆောင်ရွက်ပေးနေသည့် ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာအစိုးရ လ၀ကမှ ကြီးကြပ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို မိုးပွင့်စီမံချက်အဖြစ် အမည်ပေးခဲ့ပြီး ပြီးခဲ့သည့် မေလ ၂၈ရက်နေ့တွင် မိုးပွင့်စီမံချက်-၁အဖြစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင်းမှ အိုးအိမ်မဲ့ ကရင်လူ မျိုး ၃၆ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မဲ့ကသာတွင် ပြုလုပ်ပြီးပါက မိုးပွင့်စီမံချက်၏ နောက်ဆက်တွဲအဆင့်များအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ လအထိ ထုတ်ဝေပေးသွားမည်ဟုလည်း သိရပါတယ်

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ