Saturday, August 25, 2012

KNU တပ်မဟာ(၇) မှာ ၅ ကြိမ်မြောက် ကရင်မျိုးဆက်သစ် လူငယ်များ သင်တန်းကျောင်း ဖွင့်လှစ်

KNU တပ်မဟာ(၇) မှာ ၅ ကြိမ်မြောက် ကရင်မျိုးဆက်သစ် လူငယ်များ သင်တန်းကျောင်း ဖွင့်လှစ်
အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ ကေအဲယူ (ကရင့်အမျိုးသားအစည်းအရုံး)က စစ်သင်တန်း ပူး
တွဲပါဝင်တဲ့ လူငယ်သင်တန်း တခုကို အခုလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU (ကရင် အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေမှာ မျိုး
ဆက်သစ် ကရင်လူငယ်များ သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း ကေအာ
စီ သတင်းမှာ ဖေါ်ပြထား ပါတယ်။

 အဲ ဒီကျောင်းမှာ ကေအဲန်ယူ လက်အောက်ခံ ခရိုင်၇ ခုက သင်တန်းသူသင်တန်းသား ၃၇ဦး တက်
ရောက်သင်ကြားမှာဖြစ် ပြီး အထူးသဖြင့် နိုင်ငံရေး ဘာသာရပ်များကို အဓိကထား သင်ကြားပေး မှာ ဖြစ်သလို အခြေခံစစ် သင်တန်းများကို လည်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီသင်တန်း ကျောင်းကို KNU တပ်မဟာ(၇)မှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ KNU အထွေထွေ
 အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ပညာရေးတာဝန်ခံ ပဒိုစောလားစေး၊ တွဲဖက်အတွင်းရေးမှူး
(၁) ဗိုလ်မှူးစောလှငွေ နဲ့  KNU ခေါင်းဆောင်များ၊ အပါအ၀င် ပရိတ်သတ် ၆၀ ဦးခန့် တက်ရောက်
ခဲ့ပါတယ်။

ယခု ဖွင့်လှစ်သော ကျောင်းကို ယခင် KNU အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလား
ဖန်း (ကွယ်လွန်) မှ ကြီးမှူးပြီး၂၀၀၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ