
ACUကျောင်းဟာနယ်စပ်နဲ့စခန်းဂှိကျောင်းသူ/သားများအဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ပြီးဖွင့်လှစ် ထားသော ကျောင်းဖြစ်ကြောင်းစောဝင်းလေကအခုလိုပြောပါတယ်၊၊
“ ACUကျောင်းရည်ရွယ်ချက်ဟာနယ်စပ်နဲ့စခန်းအတွင်းဂှိကျောင်းသူကျောင်းသားတွေ ပညာရည်မြင့်မားလာ လာဖို့အတွက်ဖွင့်ထားတာလေ ဘယ်သူမဆိုလာတက်လို့တော့ ရပါတယ်ဒါ ပေမယ်အထူးသဖြင့် နယ်စပ်က လူတွေနဲ့ ဒုက္ခသည်ကလူ တွေကို ပိုဦးစားပေးတယ့်''လို့ ပြောပါတယ်။
ACUကျောင်းတွင်ကမ္ဘာအရပ်ရပ်မှအဆင့်မြင့်ဆရာ/မများလာရောက်ပညာသင်ပေး ပြီးသင်ရိုးညွန်း တန်းများမှာ (business information technology, business communication skills, managing organizations,
and international human rights, leadership theory, introduction to anthropology,third world politics, and general psychology)
စတဲ့ဘာသာရပ်များကို သင်ကြားပေးပါတယ်။
ကျောင်းပြီးသွားသည့်ကျောင်းသူ/သားများကိုဆရာဆရာမများကကျောင်းဆက်တက်ရန်သော်လည်း ကောင်း၊ NGOအဖွဲ့အစည်းများတွင်ဝင်ရောက်အလုပ်လုပ်ကိုင်ရန်သော်လည်းကောင်း တခြားအဖွဲ့အစည်းများတွေအ တွက်ကျောင်းမှာ ထောက်ခံချက်လုပ်ပေးတယ်လို့သူက အခုလိုဆက်ပြောပါတယ်၊၊
''ကျနော်တို့ဒီ ကျောင်းပြီးသွားတဲ့လူတွေအတွက် အလွယ်တကူကျောင်းဆက်တက် နိုင်အောင်ပြီးတော့ အလွယ်တကူ အလုပ်ရှာလို့ ရအောင် သူတို့ကအာမခံပေးတယ်လေ တချို့ကျောင်းသားတွေက တော့ တက္ကသိုလ်ဆက်တက်မဲ့သူတွေရှိသလို ဒီး NGO, တို့CBO တို့မှာအလုပ် ၀င်လုပ်မဲ့ ကျောင်းသားတွေလဲရှိတာပေါ''
ACU ကျောင်းရဲ့သက်တမ်းမျာ ၂ နှစ်ဖြစ်ပြီ့း ပညာသင်ကြား တဲ့ကျောင်းသူကျောင်းသား အများစုဟာကရင်၊ချင်း၊ဗမာ၊မွန် တို့ဖြစ်ကြပါတယ်။
ဒီကျောင်းကို ၂၀၀၃ ခုနှစ် မှာ (Mr. william ) က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဒီနှစ်မှာ ကျောင်းသား ၂၈ယောက် အောင်မြင်ပြီး ကြောင်းသိရပါတယ်၊၊
No comments:
Post a Comment